(Unicode)
ရှေ့သို့ရုတ်တရတ် ခုန်ချလာတဲ့ Jimin ကြောင့် Jungkook လှမ်းလက်စခြေလှမ်းတွေ ရပ်တန့်သွားပြီး သူ့လက်၂ဖက်ကိုဆန့်ကာ နောက်ကပါလာတဲ့ Namjoon နဲ့ Seokjin ကိုပါ တားလိုက်တယ်...။
ခက်ထန်လွန်းတဲ့ Jimin အကြည့်တွေကြောင့် အခြေအနေမဟန်တာကို Jungkook နားလည်လိုက်တယ်...။
"Minnie ahh မင်းကိုမင်းမိဘတွေ စိုးရိမ်နေကြတယ်"
Seokjin သဘောရိုးနဲ့ပြောလိုက်ပေမယ့် ဖျတ်ခနဲရန်လိုစွာ စိုက်ကြည့်လာတဲ့ Jimin မျက်ဝန်းပြာတွေက အနက်ရောင်သို့ ပြောင်းသွားသောအခါ Seokjin အလိုလိုပင် ကြက်သီးမွှေးညင်းထလာမိတယ်...။ သူ့နည်းတူပင် Namjoon လည်း ခံစားလိုက်ရတာကြောင့် Seokjin လက်တစ်ဖက်ကို လာရောက်ဆုပ်ကိုင်တယ်...။
"အခုထိရောက်လာမှတော့ မင်းတို့ထွက်သွားလို့လဲ အချိန်မမှီတော့ဘူး... Taehyung က မင်းတို့၃ယောက်ကို စီရင်လိုက်ဖို့အတွက် ငါ့ကိုခွင့်ပေးလိုက်ပြီ"
Jungkook ထိတ်ခနဲဖြစ်သွားရတယ်...။ Taehyung သူတကယ်ပဲ ခုလိုဆုံးဖြတ်လိုက်ပြီလား...။ ဟုတ်ပါတယ်လေ... ကိုယ်အခုလာတဲ့ ရည်ရွယ်ချက်ကလည်း သူ့ကိုသတ်ပစ်ဖို့်ဆိုတော့ သူဒီလိုရွေးချယ်လိုက်တာလည်း မမှားပါဘူး...။
"ငါမင်းနဲ့မတိုက်ခိုက်ချင်ဘူး Jimin... ဘယ်မှာလဲ Taehyung...?? သူနဲ့ပဲတိုက်ခိုက်ချင်တာ"
Jungkook စကားကြောင့် Jimin တဟားဟားအော်ရယ်မိတယ်...။ Jungkook လို သာမန်လူတစ်ယောက်က Devil Hunters တွေတောင် မနိုင်တဲ့ Taehyung ကို သတ်ပစ်နိုင်မတဲ့လား...။
"လေကျယ်မနေနဲ့ Jungkook... မင်းဒီလောက် Taehyung နဲ့ တိုက်ခိုက်ချင်နေရင် ငါ့ကိုနိုင်အောင် အရင်တိုက်ခိုက်မှပေါ့... လာလေကွာ"
Jimin အသင့်အနေအထားနဲ့ စိန်ခေါ်လိုက်တယ်...။ Jungkook လည်း ရွေးချယ်ခွင့်မရှိတော့တဲ့ အခြေအနေမှာ လက်သင့်ခံဖို့အတွက် ဆုံးဖြတ်လိုက်ပြီး လက်ထဲကဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တယ်...။
"သတိထား Kookie"
Seokjin ခပ်တိုးတိုးသတိပေးလိုက်တယ်...။ ရင်ထဲမှာတော့ စိုးရိမ်စိတ်တွေနဲ့ ဗလောင်ဆူနေတယ်...။ အရင်က စားအတူသွားအတူ အရမ်းချစ်ကြတဲ့ သူငယ်ချင်း၂ယောက်က အခုကျတော့ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေပမာ တိုက်ခိုက်ကြတော့မယ်...။