10. No More Friend

595 69 34
                                    

(Unicode)

"လူတစ်ယောက်ထပ်သေပြန်ပြီတဲ့... မနေ့ညက NightClub နားမှာ"

"ဒီပုံစံအတိုင်းဆိုငါတို့အလှည့်ရော ဘယ်တော့လဲဆိုပြီး စောင့်နေရမယ့်ပုံပဲ... ကြောက်စရာကောင်းလိုက်တာ... ဒီမြို့မှာတောင်မနေချင်တော့ဘူး"

ကျောင်းသားတွေတစ်ယောက်တစ်ပေါက် ပြောနေကြတဲ့အကြောင်းအရာတွေကို Jungkook ပြန်စဉ်းစားနေလိုက်တယ်...။ ဒီထူးဆန်းတဲ့လူသေမှုတွေက လူတွေအားလုံးကိုခြောက်လှန့်နေပြီ...။ ပြောရရင် Jungkook ကိုယ်တိုင်တောင် အတန်ငယ်လန့်လာလေပြီ...။

လူသေမှုတိုင်းလိုလိုက ညဘက်မှာချည်းပဲဆိုတော့ ခုဆိုရင် ည8နာရီဆိုတာနဲ့ လမ်းပေါ်မှာလူမရှိတော့...။ မဖြစ်မနေသွားရမယ့်လူတွေသာ ကြောက်ကြောက်လန့်လန့်နဲ့ သွားလာနေရတယ်...။ တကယ့်ကိုကျီးလန့်စာစားဖြစ်နေလေပြီ...။

ရဲတွေကလည်းဘာမှလုပ်မပေးနိုင်...။ အောက်လမ်းဆရာအချို့ကတော့ ထိုအရာသည်သွေးရိုးသားရိုးမဟုတ်ပဲ တစ္ဆေသရဲတို့ရဲ့လက်ချက်လို့ အတပ်ပြောဆိုနေကြတယ်...။ လူတချို့ကလည်း ထိုစကားကိုယုံကြည်နေကြလေပြီ...။

"ဟာာ သူတို့နှစ်ယောက်က ကြိုက်သွားကြပြီလား...?? မြန်လိုက်တာ"

"Jimin စတိုင်ပြောင်းသွားကတည်းက Taehyung လုပ်ပေးလို့ဆိုတာသိသင့်တာ"

ကျောင်းသားတွေရဲ့စကားက Jungkook နားထဲ ဝင်တချက်မဝင်တချက်...။ စာသင်ခန်းထဲကို လက်တွဲပြီးဝင်လာတဲ့ Taehyung နဲ့ Jimin ကိုသာ ကြောင်ကြည့်နေမိတယ်...။ သူတို့နှစ်ယောက်ကလည်း ဘယ်သူ့ကိုမှဂရုမစိုက်...။ နောက်ဆုံးသူတို့ရဲ့သူငယ်ချင်းဖြစ်တဲ့ Jungkook ကိုတောင်မှ နှုတ်ဆက်ဖော်မရပေ...။

"မင်းတို့တွဲနေပြီပေါ့ ဟုတ်လား...??"

မနေနိုင်တဲ့ Jungkook ကပဲ မေးလိုက်တော့ Jimin ဆီက ခပ်စူးစူးအကြည့်တစ်ချက်ကို ရလိုက်လေတယ်...။ မျက်ဝန်းအပြာရောင်လေးတွေနဲ့ Jimin က အရမ်းကိုလိုက်ဖက် ကြည့်ကောင်းလွန်းလှတယ်...။

"မမြင်ဘူးလား... မေးနေစရာလိုလို့လား...??"

Jimin နှုတ်က တစ်ခါမှအခုလို ရင့်သီးတဲ့စကားမျိုး မပြောခဲ့ဖူးပါ...။ အခုတော့ Jungkook တကယ်ကိုမယုံကြည်နိုင်...။ သူစိတ်ဆိုးချင်ယောင်ဆောင်ခဲ့မိတဲ့အတွက် Jimin သူ့ကိုမုန်းသွားခဲ့ပြီလား...?? သူနဲ့ကိုယ်က ကလေးဘဝတည်းက ပေါင်းလာကြတဲ့သူငယ်ချင်းတွေပဲကို...။ အဲ့လောက်ထိမဖြစ်သင့်ပါဘူး...။

Under My Skin (Completed)Where stories live. Discover now