(Unicode)
"Appa ပေး ကျွန်တော်ပိတ်လိုက်မယ်"
Jungkook အကြံနဲ့မို့ Appa ဆီက ခြံတံခါးသော့ကိုတောင်းကာ သူ့ဘာသာပိတ်ဖို့လုပ်တယ်...။ ဒီနေ့လကွယ်ညလေ...။ သူ Taehyung ကိုသွားကယ်ချင်တယ်...။ အင်အားမမျှဘူးပဲပြောပြော သူလည်းတတ်နိုင်သလောက် ကူညီချင်တာကိုး...။
"သား Kookie ပြီးရင်သော့ကို Appa အခန်းထဲလာပေးနော်"
"ဟုတ်ကဲ့ Appa"
Appa က မမေ့မလျော့ပြောနေသေးတော့ Jungkook လည်း လှမ်းအော်ကာပြန်ဖြေလိုက်ပေမယ့် ခေါင်းထဲမှာတော့ ဘာလုပ်ရမလဲ အကြံထုတ်နေမိတယ်...။
"Appa ဒီမှာ ထည့်လိုက်ပြီနော်"
"အေး အေး သား... စောစောအိပ်တော့"
Appa က အိပ်ယာပေါ်မှာမှီကာ စာဖတ်နေဆဲမို့ ခေါင်းသာညိတ်ပြလိုက်တယ်...။ Jungkook သော့ကိုအံဆွဲထဲထည့်လိုက်သလိုနဲ့ အသံထွက်အောင်လုပ်ပြီးမှ သူ့လက်ဖဝါးကြားထဲပြန်ညှပ်ကာ ယူလာလိုက်တယ်...။ တော်သေးတာက Appa မရိပ်မိသွား...။
အခန်းထဲပြန်ရောက်တော့မှ Jungkook အသက်၀၀ရှူနိုင်တော့တယ်...။ ပထမဆုံးအကြိမ် Appa ကို လိမ်ဖူးတာမို့ စိတ်ထဲတော်တော်လေး လိပ်ပြာမလုံဖြစ်နေမိတယ်...။
သက်ပြင်းတစ်ချက်ချလိုက်ရင်း အဝတ်ဗီဒိုကိုဖွင့်ကာ အကျ်ီအနက်လက်ရှည်နဲ့ ဂျင်းဘောင်းဘီအနက်ကို ဆွဲထုတ်ကာဝတ်ဆင်လိုက်တယ်...။ အနက်ရောင်က ညအမှောင်မှာဆို လှုပ်ရှားရတာ ပိုအဆင်ပြေစေတယ်လေ...။ အခန်းမီးကိုပိတ်ပြီး အမှောင်ထဲမှာထိုင်ကာ အချိန်တစ်ခုထိ သူစောင့်နေလိုက်သေးတယ်...။
၁၂နာရီထိုးလုနီးပါးဖြစ်လာတဲ့အပြင် Appa တို့်လည်း အိပ်ပျော်သွားတာသေချာတော့မှပဲ Jungkook အခန်းထဲကနေ တိတ်တိတ်လေးထွက်လာခဲ့လိုက်တယ်...။ ခါတိုင်းနဲ့မတူ တိတ်ဆိတ်နေတဲ့လမ်းမကြီးက ခြောက်ခြားဖွယ်ရာပါ...။ ခုဆိုရင်ဘယ်သူမှ ညဘက်ကိုအပြင်မထွက်ရဲကြတော့ဘူးလေ...။
Jungkook ခပ်သုတ်သုတ်လေး Taehyung ရဲ့ အိမ်ကိုလျှောက်လာခဲ့လိုက်တယ်...။ စက်ဘီးထုတ်နေရင် အသံမြည်မှာစိုးလို့ ဒီတိုင်းပဲထွက်လာခဲ့တာ...။ အိမ်ချင်းက အတန်ငယ်လှမ်းတော့ နည်းနည်းတော့အချိန်ပိုကြာတာပေါ့...။ ဟိုအုပ်စုကြိုမရောက်ပါစေနဲ့လို့ ဆုတောင်းရမှာပဲလေ...။