(Unicode)
"Omo သူကဘယ်သူလဲ... ကျောင်းသားသစ်လား..?? ချောလိုက်တာနော်"
"မဟုတ်သေးပါဘူး... အဲဒါ တန်းခွဲ A က Park Jimin ပါ... သူလုံးဝပြောင်းလဲသွားတာပဲ"
"သူ့ကိုအမြဲခပ်ကုတ်ကုတ်နေတတ်တဲ့ စာကြမ်းပိုးမှတ်နေတာ... အခုလိုကျတော့လဲ တကယ့်ကို Cool ပဲ... အရမ်းမိုက်တယ်"
တစ်ယောက်တစ်ပေါက်ပြောဆိုနေကြတဲ့ စကားတွေကို Jimin စိတ်မဝင်စားပေ...။ သူ့ဘာသာရှေ့တူရှုကိုကြည့်ကာ လမ်းလျှောက်လာလေတယ်...။ သူလာရာလမ်းတလျှောက်မှာတော့ လူတိုင်းကသူ့ကို ဝိုင်းငေးမောနေကြတယ်...။
ဆူညံနေတဲ့စာသင်ခန်းက ရုတ်တရတ်တိတ်ဆိတ်သွားတာကြောင့် Jungkook ဆရာဝင်လာပြီအထင်နဲ့ ဖျတ်ခနဲမော့ကြည့်လိုက်တယ်...။ သို့သော်အတန်းထိပ်မှာရပ်နေတဲ့သူကိုမြင်တော့ စိတ်ထဲဇဝေဇဝါဖြစ်သွားရတယ်....။
Jimin လား...?? သူရုတ်တရတ် ဒီဇိုင်းချိန်းလိုက်တာပဲ...။ နဖူးပေါ်ဝဲကျနေတဲ့ဆံပင်တွေကို အပြောင်လှန်တင်ထားတယ်...။ နဂိုတပ်နေကျမျက်မှန်ကိုလည်း မတပ်တော့ပေ...။ မျက်မှန်မပါရင် ဘာမှမမြင်ရတဲ့သူက ကြည့်ရတာ မျက်ကပ်မှန်ပြောင်းတပ်ခဲ့တယ်ထင်တယ်...။ သူ့မျက်ဝန်းတွေက အပြာရောင်သို့ ပြောင်းလဲနေတယ်...။
Jungkook ကြည့်နေတုန်းမှာပင် သူကအတန်းထဲသို့ တလှမ်းချင်းဝင်လာခဲ့တယ်...။ အရင်ကပျာတီးပျာယာ လမ်းလျှောက်တတ်တဲ့အကျင့်ကနေ အခုကျတော့ဟန်ပါပါနဲ့ တစ်လှမ်းချင်းလျှောက်လာနေတယ်...။ မျက်နှာကလည်း အေးစက်စွာနဲ့ အရယ်အပြုံးမရှိတော့ပေ...။ ပုံမှန်ဆိုသူအတန်းထဲဝင်လာရင် လူတိုင်းကိုနှုတ်ဆက်နေကျပါ...။
"Jimin ဘယ်လိုဖြစ်ပြီးခုလိုပြောင်းလဲသွားတာလဲ...?? မင်းနဲ့တကယ်လိုက်တယ်... အရင်ကထက်ပိုချောလာတယ်"
အတန်းထဲကသူငယ်ချင်းတစ်ယောက်က စတင်ကာ သူ့ကိုနှုတ်ဆက်ပေမယ့် သူကခပ်တည်တည်ပင်...။ သူ့ကိုပြောနေတာ မဟုတ်တဲ့အတိုင်းပါပဲ...။ အဖက်လုပ်ခြင်းမခံရတော့ ထိုသူငယ်ချင်းလည်း ရှက်အမ်းအမ်းနဲ့ပဲ သူ့နေရာသူသွားပြန်ထိုင်လိုက်တယ်...။
Jungkook လည်း ဘယ်လိုမှတွေးမရ...။ မနေ့ကတောင် သူဒီလိုပုံစံမဟုတ်ဘူးလေ...။ Taehyung က စာကြည့်တိုက်လိုက်ခဲ့ဖို့ခေါ်သွားရာကနေ Jimin နေသိပ်မကောင်းလို့ ပြန်နှင့်တယ်ဆိုပြီး Taehyung တစ်ယောက်တည်းသာ အတန်းပြန်လာတက်ခဲ့တယ်...။ နေမကောင်းတာကနေ ခုလိုကြီးပြောင်းလဲသွားတာကတော့ တော်တော်လေးထူးဆန်းတယ်...။ သူ့ဘက်ကမေးရအောင်လည်း ၂ယောက်သားက မခေါ်ကြသေးဘူးလေ...။