အပိုင်း (၆)

787 56 41
                                    

မိုးဗြဲအဖြစ်လိုပင်။ ကရင်နီပြည်မှာလည်း မေ့မရနိုင်သော ထိုနေ့။ မေလ နှောင်းပိုင်းအပြင် နောက်ထပ်သော မိုးရာသီတွင် ကရင်နီပြည်ကို ဝေဟင်သာမက ကုန်းကြောင်းဖြင့်ပါ လက်နက်ကြီး ထုခဲ့၊ ကြဲခဲ့သော ထိုနေ့။

လွိုင်ကော်မှ ထုလာသော လက်နက်ကြီးတွေကြောင့် ပထဝီမြေကြီးတွေပင် တုန်တက်ယိုင်နဲ့သဖြင့် လွိုင်ကော် မြို့သားများနှင့်အတူ ဇာတိကို အလွန် တွယ်တာသော မို့‌လေးတို့တောင်မှ မတတ်သာဘဲ စစ်ရှောင်ကြရတော့သည်။

"မို့တို့ အနောက်ပဒေါင်ဘက်က စစ်ရှောင်စခန်းမှာ ခဏ စစ်ရှောင်နေတယ်။ သားကြီး ဂရုစိုက်နော်။ ‌မို့တို့ကို စိတ်မပူနဲ့။ မို့တို့ အဆင်ပြေတယ်။ ဘာမှ မဖြစ်ဘူး။ ဒါကြောင့် ကျန်းမာရေး ဂရုစိုက်ပြီး ကလေးတွေကိုသာ စာကောင်းကောင်းသင်၊ ဟုတ်ပြီလား"

ဖုန်းဆက်စဉ်က မို့လေး ထိုသို့ ထပ်ခါတလဲလဲ ပြောနေသော်လည်း ကျွန်တော် ရတက် မအေးနိုင်ပါ။

တောကြိုကြားမှာ တဲထိုးပြီး စစ်ရှောင်သည့်ဘဝက အဆင်ပြေသည်တဲ့လား။ မိုးရာသီကြီးကို ခြင်ပေါသည့် အချိန်နှင့် ခြစ်ကုတ်ပြီး နေထိုင် စားသောက်ရသည်က ဘာမှ မဖြစ်ဘူးတဲ့လား။ မိုးကာတဲစခန်းမှာ နေရမည့် ဖာ့၊ မို့လေးနှင့် ညီမလေးတို့အတွက် လုံခြုံ‌သော အမိုးအကာ အောက်မှာ နေနေရသည့် ကျွန်တော်က စိတ်မပူသင့်ဘူး တဲ့လား။ ယခုအချိန်ဆို ကျွန်တော့် မိသားစု၊ စစ်ရှောင် မိသားစုများ မည်မျှ ဒုက္ခခံနေရမည်နည်း။

ကျွန်တော် လောကကြီးကို မုန်းတီးချင်သည်။ ခါးသီး ချင်လှသည်။ သို့သော်...သို့သော်။ လောကကြီးကို မမုန်းတီးခင် မိသားစုအတွက်၊ ပြည်နယ်အတွက် ဘာမျှ မလုပ်ပေးနိုင်သည့် ပျော့ညံ့သော ကျွန်တော့်ကိုယ် ကျွန်တော် ဦးစွာ မုန်းတီးသည်။ ဘာကြောင့် ဤမျှ အသုံးမကျသနည်း။ ဘာကြောင့် ဤမျှတောင် အဖြစ် မရှိသနည်း။

ပြန်စဉ်းစားကြည့်သည်။ ကျွန်တော် ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်နေရုံနှင့် ဤအခြေအနေသည် ကောင်းလာ မည်လား။ အတွေးရယ်ဖြင့် ငိုင်နေရုံနှင့် အခြေအနေက ပြီးသွားမည်လား။ ဟင့်အင်း...မထူးပါ။ မထူးသည့် နည်းတူ မို့‌လေးတို့အတွက် ဆုတောင်းပေးပြီး နေ့တိုင်း၊ ညတိုင်း စကားပြောပေးမည်။ နွေးထွေးမှု ပေးမည်။

ကျွန်တော့် ဆည်းလည်းလေး (U/Z) {Completed}Where stories live. Discover now