အပိုင်း (၁၈)

459 44 20
                                    

ဆယ်တန်း ပထမနှစ်က ကျွန်တော် အဆောင် နေဖူးသည်။ အဆောင်သည် စည်းကမ်း တင်းကျပ်ပြီး အောင်ချက်များ၏။ ပိုကောင်းသည်က အဆောင်မှူး ကိုယ်တိုင် စာပြပေးခြင်း။ အဆောင်မှူး ဆရာမသည် စည်းကမ်းကြီးသလို စာပြအလွန် ကောင်းသည်။ ကျွန်တော်သာ မို့ရင်းကိစ္စနှင့် စိတ်ဓါတ်မကျခဲ့လျှင် နှစ်ချင်းပေါက် အောင်ခဲ့မည်ပင်။

ဆယ်တန်းကျစဉ်က ကျွန်တော် အများကြီး ဝမ်းနည်းခဲ့သော်လည်း အဆောင်မှူး ဆရာမက အများကြီး နှစ်သိမ့်ပေးခဲ့ပါသည်။ ဆရာမ နှစ်သိမ့်ပေး၍သာ ကျွန်တော် ဆယ်တန်း ပြန်ဖြေခဲ့ခြင်း။ ဆရာမ ကျေးဇူးသည် ကျွန်တော့် အပေါ် မနည်းပါး။

ယခု ကိုးနှစ်အကြာမှ ဆရာမကို ပြန်တွေ့ရလေပြီ။ ဆရာမက ကျွန်တော့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီ။ ကျွန်တော့် အိမ်စုတ်၏ ဧည့်ခန်းမှာ သားသားနားနား ထိုင်နေလေပြီ။ ဟုတ်သည်။ သားသားနားနား။ ရွှေဘယက်၊ စိန်လက်စွပ်၊ ရွှေလက်ကောက်နှင့် စိန်ခြယ်ထားသည့် ဝတ်စုံနှင့် ဆရာမက အဘယ်သို့ မသားနားပါသနည်း။ အစကတည်းက ကြီးပွားချင်သော ဆရာမက ယခု ရည်ရွယ်ထားသည့်အတိုင်း တောက်တောက် ပြောင်ပြောင် နေနိုင်ခဲ့ပြီတကား။

မို့လေးတို့ စစ်ရှောင်ဘဝက ရထားသည့် လက်ဖက်ခြောက် အချို့ကို ရေနွေးထည့် ထည့်ပြီး ညှိုးငယ်စွာ ဆရာမရှေ့ တင်ထားလိုက်သည်။ ဆေးထားသော ဖန်ခွက်တို့ကိုလည်း ထား၏။ အားလုံး ပြီးသော် ရိုသေသမှုနှင့် ဆရာမရှေ့က ကြမ်းပြင်ပေါ်မှာ ကျုံ့ကျုံ့လေး ထိုင်လိုက်သည်။

ဆရာမက ကျွန်တော့်အိမ်၏ အတွင်းပိုင်းကို လေ့လာဆဲ။

အုတ်နှစ်ထပ်နှင့် ကျွန်းကုလားထိုင်တို့ဖြင့် ကျွန်တော့် အိမ်က ဆရာမအတွက် အလွန် စုတ်ပြတ်နေလိမ့်မည်။

တိတ်ဆိတ်ရင်း တိတ်ဆိတ်နေသော လေထုကြောင့် ကျွန်တော် မနေနိုင်စွာ ဖွဖွလေး ပြုံးမိကာ-

"ရေနွေးကြမ်း သုံးဆောင်ပါခဗျ"

လေပြည်နှင့် ဖိတ်ခေါ်သော်လည်း ပြန်ပြောသော ဆရာမ၏ စကားကြောင့် ကျွန်တော့်ရင်ထဲ နင့်ခနဲ။

ကျွန်တော့် ဆည်းလည်းလေး (U/Z) {Completed}Where stories live. Discover now