အပိုင်း (၁၂)

501 48 12
                                    

သာယာသော နေ့တစ်နေ့ ဖြစ်သည်။ မွေးရပ်မြို့တော် ဌာနေလွိုင်ကော််လည်း စည်ကား သိုက်မြိုက်နေသည်။ ကျူရှင်မှအပြန်ချိန် ဖြစ်၍ ကျွန်တော်သည် စက်ဘီး တစ်စီးနှင့် နောင်ယားကန် ပတ်လမ်းကြားကို ဖြတ်ကာ အိမ်သို့ စီးနင်နေ၏။

ယခုသည် ရှိရင်းစွဲ အသက်ထက် ကျွန်တော် ငယ်နေခြင်း။

"ကိုကို ဟိုကိုကြည့်၊ မုန့်တွေ အများကြီးပဲ"

ကျွန်တော် တစ်ယောက်တည်း မဟုတ်။ စက်ဘီး၏ နောက်ထိုင်ခုံတွင် ကျွန်တော့်ခါးကို တင်းတင်း ဖက်ထားသည့် အသက် ဆယ့်တစ်နှစ်အရွယ် ကောင်ငယ်လေး တစ်ဦးလည်း စကားတပြောပြောနှင့် လိုက်ပါလာသည်။

ကျွန်‌တော်ကား အရှေ့ဘက်တွင် မျက်နှာ မူထားသောကြောင့် ထိုကလေး၏ မျက်နှာကို မမြင်ရ။ သို့ရာတွင် ဗိုက်သားပေါ်က ယှက်နေသော ‌လက်အိအိ ဖွေးဖွေးလေး အစုံကို တစ်ချက် အုပ်ကိုင်ပြီး ကျွန်တော်သည် ကောင်ငယ်လေး၏ မေးခွန်းကို ပြန်ဖြေလေသတဲ့။

"ကလေး စားချင်လို့လား။ ကိုကို ဝယ်ကျွေးပေးမယ်"

"တကယ်လားဟင် ကိုကို"

"တကယ်ပေါ့"

ကျွန်တော် မြူးနေသည်။

စက်ဘီးနင်းရာမှ နှေးသွားကာ ပြုံးရွှင်စွာဖြင့် လမ်းဘေးဆိုင် တစ်ဆိုင်တွင် ဝင်ရပ်သည်။

"ကလေး ဘာစားချင်လဲ။ ကြိုက်တာရွေးလိုက်"

စာစီစာကုံး ပထမရ၍ ကျွန်တော် ချီးမြှင့်ခံရသော ဆုကြေးငွေက သုံးသောင်း။ သည်လောက်ဆို ကလေး စားချင်ရာ မှန်သမျှ ဝယ်နိုင်လောက်မည်။

ကလေး၏ အနက်ရောင် ခေါင်းလုံးလုံးလေးသည် အရောင်စုံ၊ အမျိုးအစား စုံလင်လှသော မုန့်ထုပ်တွေကို မော့ကြည့် နေသည်။ လက်ညိုးလေးက နှုတ်ခမ်းကို ဖိထားလျက်။

ကြည့်ရင်းနှင့် အသည်းယားသဖြင့် ဆံပင်ကို ထိုးဖွလိုက်သည်။

"အင်း...ပူဖောင်းလိုဟာလေး စားချင်တယ်၊ ဆံပင်တွေ ပွကုန်မယ် ကိုကိုရဲ့"

အသံ ပိစိလေးနှင့်အတူ ကလေး လက်ညိုး ထိုးသည်က ပန်းရောင် အာတာပူစီပင်။

ကျွန်တော့် ဆည်းလည်းလေး (U/Z) {Completed}Tempat cerita menjadi hidup. Temukan sekarang