အပိုင်း (၂)

1.5K 95 10
                                    

မနက်ဝတ်ပြု တက်ပြီးသော် မျက်မှန်ကိုယူတပ်၊ ကုတင်ထက်မှ ဆင်းကာ တွန့်ကြေသွားသော အိပ်ရာခင်းစကို ပြန့်ပြူးအောင် ပြန်ခင်းသည်။ လက်သန့် ဆေးရည်နှင့် လက်ပြန်ဆေးသည်။ လက်ဆေးပြီးသော် လက်ဖဝါးစာမျှသာ ရှိသော မှန်အဝိုင်းကို အသုံး‌ပြု၍ နားရွက်ပေါ် ဆံပင်တိုအား အုန်းဆီ လူးသည်။ လည်ကတုံး အင်္ကျီအဖြူ၏ လက်ရှည် ကြယ်သီးကို ပြန်တပ်ပြီး အစိမ်းရောင် မြကြာဖြူတံဆိပ် ကွက်စိပ် လုံချည်ကို ခြေမျက်စိ ရောက်သည်အထိ သပ်ရပ်အောင် ပြန်ပြင်ဝတ်သည်။

အားလုံးအပြီး လက်ပြန်ဆေး၏။

ဖန်ချပ်ပေါ် လျှောက်နင်းသလို ကျွန်းသားရောင် ကြမ်းပြင် အခင်းပေါ်ကို ခပ်ဖော့ဖော့ လျှောက်နင်းကာ ကျွန်တော် အခန်းအပြင် ထွက်တော့ တစ်ဖက်ခန်းက ကိန္ဒရာမောင်၏ ဟောက်သံသည် တခူးခူး။

ကျွန်တော် အလိုမကျ ဖြစ်ရပြန်သည်။

လောကကြီးဆိုသည်မှာ အေးချမ်းသည်ဟု မြင်ခဲ့သော ကျွန်တော်သည် ကိန္ဒရာမောင်နှင့်တွေ့မှ အလိုမကျမှုတွေက သစ်ပင်ထက်မှ သစ်ရွက်တွေ များသကဲ့သို့ ဗုံပေါပါလအော ရှိလာပါသလို။

အချိန်က ခြောက်နာရီခွဲတောင် ရှိနေပြီကို။ ထမင်း၊ ဟင်း ချက်စရာ မလိုဘူးပေလော။ အဘယ်သို့ နေထိုင် စားသောက်လာခဲ့သနည်း။

စိတ်ထဲမှ ပွစိပွစိ ရေရွတ်မိပြီး အောက်ထပ်ကို ဆင်းလာကာ မီးဖိုချောင်ကို ဝင်တော့-

"အလို!"

အသံထွက် ရေရွတ်မိသည်အထိ မီးဖိုချောင်ရှိ တစ်ခုတည်းသော ကြောင်အိမ်ပေါ်တွင် ကြွေပန်းကန် တစ်ချပ်၊ ဇွန်းတစ်ချောင်း၊ ရေသောက် စတီးခွက် တစ်လုံး၊ ဤသို့မှ လွှဲပြီး ဘာဆို ဘာမျှမရှိ။

ဤသည် ကိန္ဒရာမောင် သေချာပေါက် အပြင်မှ ဝယ်စား၍ နေထိုင်လာခဲ့မှန်း သေချာသွားလေပြီ။

အလွန်ဆုံး ကြက်သွန်နီ တစ်ပိဿာ ၁၅၀၀ မျှ ဈေးတက်နေသည့် ခေတ်ကာလထဲကို တစ်ပတ်လုံးလုံး ဝယ်စားလာခဲ့သည်လား။ မည်မျှတောင် ကုန်ကျ လိုက်မည်နည်း။ အပြင်စာဆို ကျန်းမာရေးနှင့်လည်း မညီညွှတ်ဘဲကို။ မဖြစ်။ မဖြစ်။ ကျွန်တော် လာမှတော့ သည်လို ကျန်းမာရေးပြုန်း ဝင်ငွေဖြုန်း သွားမည့် အဖြစ်မျိုး လက်မခံနိုင်တော့။ ချက်ပြုတ်ဖို့ ဈေးသွားရမည်။

ကျွန်တော့် ဆည်းလည်းလေး (U/Z) {Completed}Onde histórias criam vida. Descubra agora