အပိုင်း (၁၀)

513 50 11
                                    

နှစ်ပတ်ကြာသော်လည်း ကိန္ဒရာမောင်က ပြန်မရောက်သေး။ ထိုအခါ သူ့အတွက် ကျွန်တော် စိတ်မပူဘဲ မနေနိုင်။ ဖုန်းကို အခါခါဆက်တိုင်း ဆက်သွယ်မှု ဧရိယာပြင်ပဟုသာ ဆိုသဖြင့် ပူပန်မှုက အဆမတန် တိုးပွားလာသည်။

ပြန်ရောက်လျှင် ဖွင့်ပြောဖို့ လုပ်ထားသည်ကို။

ထိုမတိုင်ခင် ဖာ့နှင့် မို့လေးတို့ကို ဖုန်းမှတစ်ဆင့် ဤသို့ အသိပေးထား၏။

"တိုင်းပြည်ကြီး အနာအဆာ ဖြစ်နေတဲ့ အချိန်မှာမှ မြတ်နိုးရမဲ့လူကို ကျွန်တော် တွေ့ခဲ့ရပြီ"

"တကယ်လား သားကြီး။ သားအတွက် မို့တို့ ဝမ်းသာလိုက်တာ။ မို့တို့နဲ့လည်း မိတ်ဆက်ပေးအုံးနော်"

"အင်း၊ တစ်နေ့ပေါ့"

ထိုညက ကျွန်တော် မြတ်နိုးရသည့် သူသည် အမျိုးသားဟု မပြောသေး။ ကျွန်တော် မြတ်နိုးရသော ကလေးသည် ဘယ်ကလဲ၊ ဘာအလုပ် လုပ်နေသလဲ၊ အသက် ဘယ်လောက်လဲ၊ ဘယ်အသိုင်းအဝိုင်းကလဲ စ‌သော လဲ၊ လား မေးခွန်းတွေကို မို့လေး မေးချင် လောက်မည်။ သို့သော် မမေးခြင်းမှာ ကျွန်တော့် ကိစ္စကို အရမ်းကြီး ဝင်မစွက်ဖက် ရဲသောကြောင့်ပင်။

ကျွန်တော့်ကို သားကြီးဟုသာ ခေါ်သော်ငြား မို့‌လေးသည် ကျွန်တော့်ကို ရှိန်နေကြောင်း သိပါသည်။ ငယ်ရွယ်စဉ်က မိထွေးဟူသော မိခင်တွေကို ကျွန်တော် မုန်းခဲ့သော်လည်း မိထွေးတိုင်းက စင်ဒရဲလား၏ မိထွေးလို မဟုတ်ကြောင်း ကျွန်တော် သိခဲ့ရသည်။ သူ့မေတ္တာကို ကျွန်တော် ခံစားခဲ့ရသည်။ မိသားစု အတွက်သာ ရုန်းကန်နေသော ဒုတိယမို့ကို တွေ့ရပြန်တော့ ဖာ့သည် အလုပ်ကြိုးစားသော မိန်းမမျိုးကိုသာ ကြိုက်သည်လားဟု တွေးမိသေး၏။

အလုပ်ကြိုးစားသော ဒုတိယမို့ကို မြင်တိုင်း မို့အရင်းအား သတိရပြန်သဖြင့် ကျွန်တော် ကရုဏာ မသက်ဘဲ မနေနိုင်ခဲ့။ မိခင်ကို အစောကြီး ဆုံးရှုံးလိုက်ရသည့် နောက်ထပ် ကျွန်တော့် အဖြစ်လိုမျိုး ညီမလေးတွေအား မကြုံစေချင်တော့။ ထို့ကြောင့် မိသားစု တာဝန်ကို ကျွန်တော် ပခုံးပြောင်း ခွဲဝေလိုက်ရသည်။

ကျွန်တော့် ဆည်းလည်းလေး (U/Z) {Completed}Where stories live. Discover now