Part 1

1.1K 31 2
                                    

"last dateလုပ်ကြမလား။ဒီအတိုင်းလမ်းခွဲရတာထက်စာရင်အမှတ်တရလေးတွေနဲ့အဆုံးသတ်ကြတာပေါ့။"

အော်....အတူရှိစဥ်ကကျကောင်းတဲ့အမှတ်တရတွေပေးဖို့ဝန်လေးခဲ့တဲ့လူက နောက်ဆုံးအကြိမ်ကျမှ အမှတ်တရဖန်တီးချင်သတဲ့လား။မွန့်စိတ်ထဲရယ်ချင်ပေမယ့် ကြေကွဲနေတဲ့မျက်နှာထားကိုတော့မဖုံးဖိနိုင်ပါ။
ကိုကိုကတော့ ဘာမှမဖြစ်သလို။
အင်းလေ သူ့အတွက်လမ်းခွဲခြင်းဆိုတာပထမဆုံးမှမဟုတ်တာ။မွန်တို့ချစ်သူသက်တမ်း တစ်နှစ်ကျော်မှာ ခဏခဏလမ်းခွဲဖူးခဲ့သည်။မွန်နဲ့မှမဟုတ် မိန်းကလေးအများကြီးကိုလည်းလမ်းခွဲစကားအကြိမ်ကြိမ်ပြောဖူးပါလိမ့်မည်။
ဒီတစ်ခါမတူတာကတော့မွန့်ဘက်ကစလမ်းခွဲခြင်းပါဘဲ။သို့ပေမယ့် ကိုကိုကတော့ထူးဆန်းမနေ။အရင်အကြိမ်တွေလိုသူပြန်လာရင် လက်ခံဦးမယ်လို့ဘဲယုံကြည်နေလို့လားတော့မသိ။ကိုကိုမသိတာကတော့ ဒီတစ်ခါမွန်ကိုကိုပြန်လာလျှင်လက်မခံတော့ပါ။

"အင်း....last dateလား။လုပ်ကြတာပေါ့။စနေနေ့မွန်အားတယ်။ဒါပေမယ့် ကိုကိုမွန့်ကိုနောက်ဆုံးအကြိမ်အနေနဲ့တစ်နေကုန်အချိန်ပေးလို့ရမလား"

"အိုခေလေ ကိုယ်အားပါတယ်"

အချိန်အကြာကြီး ဧကရာဇ်ပင်အောက်ကခုံတန်းလျားလေးမှာ ကိုကိုရောမွန်ရောစကားမဆိုမိကြ။ကိုကိုကသူ့စီးကရက်သူသောက်၍တွေးနေချိန် မွန်ကတော့ရင်ဘတ်ထဲရောခေါင်းထဲပါဟာတာတာနှင့် အဝေးကိုသာငေးနေမိသည်။ဆောင်းဦးနိုဝင်ဘာရဲ့မြောက်လေအေးလေးတွေလိုဘဲ တို့နှစ်ယောက်အချစ်တွေအေးစက်ကုန်ပြီ။
----------------------------

အိမ်ပြန်ရောက်တော့ မွန်အိပ်ယာထဲလှဲပြီး ကိုကိုနဲ့စချစ်ခဲ့ကြတဲ့နေ့ရက်တွေဆီပြန်တွေးမိသည်။

မွန်က တတိယနှစ်Eမေဂျာကျောင်းသူ။ကိုကိုကPhysics။Eမေဂျာရှေ့ ကန်တင်းလေးတွေရှိပေမယ့် မွန်ကငယ်သူငယ်ချင်းများရှိရာPhysicsမေဂျာဘက်က ကန်တင်းတွေမှာမုန့်စားတာများသည်။ကိုကိုနဲ့ကတက္ကသိုလ်ဇာတ်လမ်းလေးတွေလိုပါဘဲ။ကန်တင်းမှာတွေ့ပါများပြီး အဖြေတောင်းသည်။ကိုကိုအဖြေတောင်းတော့ Physicsမေဂျာကမွန့်သူငယ်ချင်းများကအသည်းအသန်တားမြစ်ကြသည်။ကိုကိုဟာတကယ့်ငပွေလေးပါတဲ့။နောက်ဆုံးနှစ်ကျောင်းသား၊rich kid၊King selectionထဲပါဝင်တဲ့လူချောတစ်ယောက်။သိန်း၁၄၀လောက်တန်တဲ့ Yamaha mt 09ကိုစီးပြီးကျောင်းတက်တဲ့လူ။ဒီလိုလူမှာရည်းစားများတာတော့ ပုံမှန်ပါဘဲ။
ပုံမှန်မဟုတ်တဲ့အတွေးတွေတွေနဲ့လူကတော့ နွေဦးရိပ်မွန်တစ်ယောက်ပါ။
အော် မွန့်ကိုတကယ်ချစ်ရင်ပြောင်းလဲသွားရင်လည်းပြောင်းလဲသွားမှာပေါ့ဟုတွေးကာ ကိုကို့အချစ်ကိုလက်ခံခဲ့သည်။

နောက်ဆုံးသော ❤Where stories live. Discover now