Part7(Unicode)

310 26 8
                                    

နောက်ဆုံး(part7)

ဒီနေ့ကိုကြီးပြန်လာမှာမို့မေမေတို့ကသွားကြိုကြမယ်ဆို၍စိုင်းလူပါလိုက်ဖို့ပြင်လိုက်သည်။
အသက် ၇နှစ်ကွာ၍အမြဲတပူးပူးတတွဲတွဲရှိခဲ့သောညီအစ်ကိုတွေပဲမလား။
ကိုကြီးကိုမွန့်အကြောင်းပြောပြလျှင် သူ့ကိုပျော့ညံ့သည်ဟုအပြစ်တင်ဦးမည်လားမသိ။

ကိုကြီးကိုတွေ့တော့မိသားစုတွေတစ်စုတစ်စည်းတည်းမို့ဝမ်းသာကြရသည်။စိုင်းလူကအလုပ်ချိန်နှင့်ကပ်နေပြီဖြစ်သဖြင့်အလုပ်မှာချထားပေးဖို့ပြောလိုက်သည်။ညနေမှသာကိုကြီးကလာကြိုပေးမည်ဖြစ်သည်။

"ဟေ့ရောင် ညီလေး ငါပြောစရာတွေအများကြီးရှိတယ် ညနေမှတွေ့မယ်"

"ကျွန်တော်ရောဘဲကိုကြီး"

----------------------------

စိုင်းလူ၏အစ်ကိုမှာ အသက်၇နှစ်ကွာပြီးနာမည်က စိုင်းနောင်ခန့်ဖြစ်သည်။ အရပ်အမောင်းကစိုင်းလူနှင့်မတိမ်းမယိမ်းဖြစ်သည်။ငယ်စဥ်ကစမတ်ကျကာပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့ပေမယ့် အရက်ဘီယာကိုအလွန်အကျွံသောက်သုံးမှုကြောင့် ဗိုက်ကအနည်းငယ်ပူချင်နေပေသည်။သို့သော်နဂိုအရပ်အမောင်းတောင့်သူဖြစ်သည်ရော အရက်ဖြတ်ပြီးGymပြန်ဆော့ထားသည်ကြောင့်ရော ခန္ဓာကိုယ်မှာကျစ်လစ်၍စမတ်ကျဆဲပင်။
ဟိုမှာအဒါ်တွေနဲ့နေကာ အဖေ့ရဲ့အလုပ်များကိုခွဲဝေလုပ်ပေမယ့် မိသားစုနှင့်ကြာရှည်ခွဲ၍မနေနိုင်။ပြန်လိမ်မ္မာလာပြီမို့နွေးထွေးတဲ့အိမ်အရိပ်ကိုသာခိုလှုံရင်းပျော်ပျော်ရွှင်ရွှင်နေထိုင်သွားလိုပေသည်။
ဒါနဲ့ ကိုယ့်ညီကကျောင်းမှာKingပြုတ်ဆိုသည့်ဂုဏ်ရော ရည်းစားများသည်ဆိုသောဂုဏ်ဒြပ်တွေကိုတော့ပြန်ကြားနေရသည်။ဒီလိုဖြစ်နေသည်မှာသူ့ကြောင့်ဆိုတာသိရရ၍စိတ်မကောင်းပေ။
အချစ်သည် တွေ့ဆုံရမည့်အချိန်တွင်တွေ့ဆုံပြီး စိတ်လွတ်လက်လွတ်ချစ်သင့်သည်မဟုတ်ပါလား။
အခုဆိုသူသည်လည်း အပေးယူမျှသောအချစ်ရေးတွေပျော်မွေ့နေလေပြီဖြစ်သည်။မြန်မာပြည်ပြန်ခဲ့သည်မှာလည်းထိုအကြောင်းရင်းကြောင့်ပါသည်။

ညနေညီလေးကိုကြိုမည့်အချိန်ရောက်တော့ စိုင်းလူရဲ့ကားကိုသာယူခဲ့လိုက်သည်။
သီချင်းတအေးအေးနဲ့စီးလာရင်း ကမ်းနားလမ်းဘက်မှပတ်စီးလာလိုက်သည်။ဒီအလှအပတွေနှင့်ဝေးနေတာကြာခဲ့ပြီမလား။
အချိန်ကြိုကြည့်လိုက်တော့အနည်းငယ်အချိန်ရသေးသည်မို့ လူရှင်းသည့်ဘက်ကိုရပ်ကာ ကားမှန်ကိုချ၍မြစ်ပြင်ထက်မှတိုက်ခတ်လာသောလေနုအေးလေးများကိုသူထိတွေ့ခံစားလိုက်သည်။
ဒီမြေဒီရေမှာသူနာကျင်ခဲ့ရဖူးပြီ ပျော်ဖို့လည်းအချိန်တန်ပေပြီ။ နန်းနှင့်နှစ်ကိုယ်တူတည်ဆောက်မည့်ဘဝလေးအားစိတ်ကူးယဥ်ကာ တခါမှလက်မထပ်ဖူးသည့်လူပျိုပေါက်လေးလို အူမြူးကာပြုံးပြီး ကြည်နူးနေစဥ်

နောက်ဆုံးသော ❤Wo Geschichten leben. Entdecke jetzt