နောက်ဆုံး (part6)
"ဘာ အဲ့ကောင်ကနင့်ကိုအဲ့လိုပြောပြီးလမ်းခွဲလိုက်တာပေါ့ သူကဘာကြီးလဲဟနားလည်ရခတ်လိုက်တာ ပြတ်မယ်ဆိုလည်းပြတ်ပေါ့ ခုကျlast dateတွေဘာတွေကောက်Dateပြီး ချစ်တော့ချစ်တယ်ပြတ်မယ်ဆိုတော့ဘာလား Playတာလားနင့်ကို"
"မသိတော့ဘူး စိတ်တွေတိုလွန်းလို့အဲ့လူအကြောင်းမတွေးချင်တော့ဘူး အိစိမရယ် ငါပြန်တော့မယ် မိပွင့်ကိုနင်ဘဲဖောက်သည်ချလိုက်တော့"
ဒီနေ့တစ်ရက်တာကတော့မတင်မကျခံစားချက်များ စိတ်တိုမှုများ ဝမ်းနည်းမှုများ ဒေါသများနှင့်အတော်ကိုအကုသိုလ်များခဲ့ရသည်။စိုင်းလူခန့် ရှင့်ဆီတသက်လုံးပြန်မလာတော့ဘူး။
___________________________________
Day 1
မနက်မိုးလင်းလာတော့မျက်လုံးမဖွင့်ဘဲသတိရမိသည်က ဒီနေ့သည် သူနှင့်လုံးဝအဆက်သွယ်ပြတ်ကာနေရမည့်ပထမဆုံးနေ့။တကယ်ပြတ်ဆဲသွားပြီ။မနေ့ညကသွေးပူနေ၍ဆူလိုက်ဆဲလိုက်နှင့်သိပ်မခံစားရ။ဒီနေ့မှာတော့ဟာတာတာခံစားချက်ကြီးခံစားနေရသည်။
Facebookတွင် friendဖြစ်သောကြောင့်လက်ကအငြိမ်မနေနိုင်စွာသူ့wallထဲဝင်ကြည့်မိတော့ဘာမှမထူးခြား။အရင်ကလည်းဒီလူကဘာမှသိပ်မတင်။Facebookကိုခဏသာသုံး၍ဂိမ်းဆော့နေသည့်သူပင်။
ဟာတာတာခံစားချက်တို့ကိုဖြေဖျောက်ရန်သူ့wallထဲဝင်ကြည့်ကာမှဘာမှမတွေ့ရသောကြောင့်ပိုဟာသွားရသည်။"နွေဦးရိပ်မွန်......"
"ကျောင်းပိတ်ရင်လည်းမအေကိုဝိုင်းကူပါတော့လား မိန်းမတန်မဲ့နေဖင်ထိုးအောင်အိပ်နေ နင်ယောက္ခမတွေယောင်းမတွေနဲ့မှသိမှာ ခုတော့ငါကပါးစပ်ပေါလို့ပြောနေတယ်ထင်မှာ ဆင်းခဲ့ချက်ချင်း""အာ....အင်းအင်း"
အသည်းကွဲတာတောင်လွတ်လွတ်လပ်လပ်မကွဲရပါတကားမာတာမိခင်။
မွန်အိပ်မှုံစုံဝါးဖြင့်အောက်ဆင်းသွားတော့"အမေ့သမီးကြီးကျမနှိုးဘူးအမေက မွန့်ကိုမွေးစားသမီးမို့နှိုးတာမလား"
"နင့်လိုများမှတ်နေလား ဆောင်းဦးက ကျောင်းတက်တုန်းကလည်းကူတယ် အလုပ်မသွားခင်လည်းကူတယ် ရုံးပိတ်ရက်မို့ သူ့ကောင်လေးနဲ့လည်မှာဆိုပြီးခွင့်တောင်းပြီးထွက်သွားတာ နင်သာယောက္ခနိုင်စားခံရမှာ"

VOCÊ ESTÁ LENDO
နောက်ဆုံးသော ❤
RomanceJust friendခေါင်းစဥ်အောက်က စည်းကျော်မှုတွေကြောင့် ပြတ်ဆဲသွားကြတဲ့ စိုင်းလူခန့်နဲ့နွေဦးရိပ်မွန်တို့ရဲ့ အချစ်ဇာတ်လမ်းလေး။ သူတို့ဇာတ်လမ်းကဒီနေရာမှာဘဲအဆုံးသတ်သွားကြတော့မှာလား?