Part8(Unicode)

270 22 14
                                    

စိုင်းလူတို့ညီအစ်ကိုအိမ်ပြန်ရောက်တော့ မေမေတို့နှင့်စကားအတော်ကြာပြောကြပြီး ညနက်မှအိပ်ယာဝင်ခဲ့သည်။

အိပ်ယာထဲလှဲနေရင်းချက်ချင်းအိပ်လို့မပျော်။သူမနှင့်အဆက်သွယ်ပြတ်မှနှစ်ရက်ရှိသေးသည်ဆိုပေမယ့် အလွမ်းဒဏ်များကတော့နှိပ်စက်လှပါသည် ။ကိုကြီးပြောမှပင်ပိုလွမ်းလာသလိုပါ။ခတ်သည်ကသူ့အပေါ်တော်တော်စိတ်ဆိုးသွားသည်မို့အတော်တော့ချော့ယူရပေမည်။စိတ်မနာပါစေနှင့်ဆုတောင်းရမည်။ကိုယ့်ဘက်ကစပြီးLast dateတွေဘာတွေနှင့်ကြီးကြီးကျယ်ကျယ်တွေလုပ်ခဲ့သည်မို့ သူ့ကိုဘယ်ကနေ၊ဘယ်လိုစချော့ရမည်ပင်မသိတော့။မျက်နှာလည်းပူလှပါသည်။
မနက်ဖြန်တော့ ကိုယ်ကအားအားယားယားဖြစ်သွားပြီမို့ကျောင်းသို့သွားချောင်းရမည်။
ဟိုနေ့ကပင်သူ့ကိုစိတ်တိုတိုနှင့် တဘုံးဘုံးနှင့်ရိုက်ထုခဲ့သည်မို့ သူမလေး၏ဒေါသကိုရင်ဆိုင်နိုင်ဖို့အားမွေးရတော့မည်။
ကိုယ်ကမခွဲမခွာနိုင်အောင်ချစ်မိနေပြီမလား။သူမလေးဘယ်လိုလုပ်လုပ်ခံယူဖို့အသင့်ဖြစ်နေပါပြီ။သူမလေးကိုအရှုံးပေးချင်နေမိပါသည်။
----------------------------

မွန် ခပ်တည်တည်နှင့်ကြက်တောင်ကလပ်သာဝင်ခဲ့ပေမယ့် အရမ်းကြီးမကျွမ်းကျင်သေးပေ။နည်းပြနှင့်အတူရိုက်ရလျှင် ကြက်တောင်ကိုသာအကြိမ်ကြိမ်ကောက်နေရသည်။
ခန္ဓာကိုယ်ကဘာအားကစားမှလုပ်လေ့မရှိသူမို့ အခုမှထရိုက်သဖြင့် ခန္ဓာကိုယ်တစ်ခုလုံးရိုက်ချိုးထားသလို ကိုင်ပေါက်ထားသလို နာကျင်ကိုက်ခဲနေသည်။ခုမနက်ဆောင်းကလည်းတဖြေးဖြေးအေးလာသည်နှင့်အိပ်ယာထဲဆက်ကွေးနေချင်သည်ကတစ်မျိုး ခန္ဓာကိုယ်ကကိုက်ခဲနေသည်ကတစ်မျိုးမို့ ကျောင်းလစ်ဖို့ဆုံးဖြတ်ပြီးဆက်ကွေးနေလိုက်သည်။

"နွေဦးရိပ်မွန်"

မွေးသမိခင်၏မိုးခြိမ်းသံကြီးကဲ့သိူကျယ်လောင်လှသောမြည်ဟီးသံကြီးသည်နားထဲကို ကန့်လန့်ကြီးဝင်သွားလေသည်။

ဖျားချင်ယောင်ဆောင်နေလျှင်သက်သာလောက်မည်ထင်သည်မို့ပြန်အသံမပြုမိ။
"ဟဲ့ မနက်ပိုင်းချိန်မရှိဘူးလား နောက်ဆုံးနှစ်ရောက်လေအပျင်းထူလေပါလားနင် ကျလို့ကတော့ပြန်မထားဘူးနော်"

နောက်ဆုံးသော ❤Where stories live. Discover now