နောက်ဆုံး(part5)
လမ်းခွဲကြတော့မည့်ချစ်သူနှစ်ဦးအား ဇနီးမောင်နှံဟုကြားရသည်မှာ ကြောင်တောင်တောင်နိုင်လှသည်။သမီးရည်းစားအတွဲတွေသာဆိုကြည်နူးမိမှာအမှန်ပင်။
စိုင်းလူကိုမော့ကြည့်မိတော့ စပ်ဖြီးဖြီးလုပ်နေသည်။သူမကိုအားနာနေသည်ထင်သည်။
သူရှိနေလျှင်နေရခတ်နေမှာစိုး၍ ခပ်လှမ်းလှမ်းမှပန်းချီကားများကိုသာသွားငေးနေလိုက်သည်။"ကိုကို သွားမယ်လေ"
"အင် အင်း"
"ဘုရားထဲအေးဆေးကြည့်ဦးမလား"
"အင်း ကြည့်တာပေါ့"
အေးဆေးလမ်းလျှောက်ကြရင်းမှ ညောင်ပင်ကြီးနားကခုံကြီးပေါ်အတူတူထိုင်ရင်းဘုရားရိပ်တရားရိပ်၏အေးချမ်းမှုကိုခံစားနေမိသည်။
"ညောင်ပင်ကြီးကအကြီးကြီးဘဲနော်"
"ဟုတ်ပ"မွန်ကိုကို့စကားကိုထောက်ခံရင်း အပင်ကိုမော့ကြည့်မိသည်"
"အား အမှုန်ဝင်သွားပြီထင်တယ်"
"ဟင် ပြစမ်းကိုကို့ကို"
ပြောရင်းဆိုရင်းမွန့်မျက်လုံးကိုအသာဖြဲကြည့်ပြီးအမှုန်စအားလေဖြင့်မှုတ်ပေးသည်။
မွန်ကိုကို့ကိုငေးကြည့်ရင်း မွန့်မျက်နှာပေါ်ကသူ့လက်တွေကိုလက်ဖဝါးလေးနှင့်အသာအယာအုပ်မိုးလိုက်တော့ကိုကိုကမွန့်မျက်လုံးကိုစိုက်ကြည့်လာသည်။မွန်မခွဲချင်ဘူးကိုကို။ကိုကိုလည်းမွန့်ကိုချစ်တယ်မလားဟင်။ကိုကို့အကျင့်တွေပြင်ပြီးမွန့်အနားမှာဘဲနေပါ့မယ်လို့ပြောလို့မရဘူးလားဟင်။မနဒီနဲ့စေ့စပ်ထားရင်လည်းမွန့်ကိုဘဲရွေးချယ်လို့မရဘူးလားဟင်။
မွန့်ခေါင်းထဲပေါ်လာသောစကားများကိုထုတ်မပြောဖြစ်ခဲ့ပါ။ချစ်ပေမယ့်လည်း ကိုယ့်ကိုသိပ်အလေးမထားတဲ့သူအားခယပြောပြီးဆွဲထားရအောင်လည်းမွန်က မာနမရှိသောမိန်းကလေးမဟုတ်ပါ။စိုင်းလူ မွန့်မျက်လုံးတွေကိုငေးရင်း သူ့ဝမ်းနည်းမှုတွေကိုမြင်လိုက်ရသော်လည်း အသိမှတ်မပြုချင်။ကိုယ်မကောင်းခဲ့တာသိပါတယ်။အချစ်ကိုဒီလောက်ထိမကိုးကွယ်မိစေနဲ့မွန်။မင်းငယ်ပါသေးတယ်။
တစ်ခါအသည်းကွဲဖူးသွားရင်ရင့်ကျက်သွားတဲ့လူတွေမြင်ဖူးသလို။ဒီဒဏ်ရာတွေကြောင့်ဘဲဘဝပျက်သွားရတဲ့သူတွေကိုကြုံဖူးသည်မို့ အချစ်ကဘဝကြီးမဟုတ်လို့ဘဲတွေးမိသည်။
နှစ်ဦးစလုံးအတွေးကိုယ်စီနှင့်အကြည့်ချင်းဆုံနေသည်ကိုမဖယ်ရှားနိုင်ခဲ့ကြ။

ESTÁS LEYENDO
နောက်ဆုံးသော ❤
RomanceJust friendခေါင်းစဥ်အောက်က စည်းကျော်မှုတွေကြောင့် ပြတ်ဆဲသွားကြတဲ့ စိုင်းလူခန့်နဲ့နွေဦးရိပ်မွန်တို့ရဲ့ အချစ်ဇာတ်လမ်းလေး။ သူတို့ဇာတ်လမ်းကဒီနေရာမှာဘဲအဆုံးသတ်သွားကြတော့မှာလား?