[Zawgyi]
"နဒီ ရော့မင်းတောင်းတဲ့ fileတွေ""စိုင်းကလည်း စူပုတ်နေတာဘဲ ဘာလဲတို့စလိုက်တာ စိတ်ဆိုးသွားတာလား အရင်ကလည်းစနေကျဘဲဟာကို ကျောင်းတုန်းကလောက်ကိုစလို့မကောင်းတော့ဘူး"
"ကျောင်းသားဘဝမှာလွတ်လွတ်လပ်လပ်နေချင်လို့ ခပ်ပေါ့ပေါ့ဘဲနေခဲ့တာကွ အဲ့လိုနေချင်လို့ သူနဲ့ခဏခဏပြဿနာအတက်ခံပြီးပျော်ပျော်ဘဲနေခဲ့တာ အခုကျ အလုပ်လည်းသေချာလုပ်ချင်တယ် ရည်းစားလည်းအတည်တကျနဲ့သိပ်ဦးနှောက်မစားရတာဘာမှမဖြေ။သူ့ရင်ထဲလည်းဘာမှအသေချာမသိ။နောက်ဆုံးနှစ်မှာတွေ့ခဲ့တဲ့နွေဦးရိပ်မွန်ဆိုတဲ့ကလေးမလေးကိုတခြားသူတွေထက်ပိုစိတ်ဝင်စားမိတာမှန်ပါသည်။သူ့အပေါ်လည်းအတော်သည်းခံရှာသည်။ကိုယ့်ကြောင့်ဘဲလိုချင်တော့တယ်"
"တွဲခဲ့သမျှထဲသူနဲ့ကအကြာဆုံးနော် ဘာလဲ တကယ်ကြွေသွားတာများလား"
စိုင်းလူခန့် သူငိုခဲ့ရတာတွေကမနည်းတော့။တည်ငြိမ်ဖို့လိုလာပြီမို့ သူမမှမဟုတ် ဘယ်သူ့မှကိုယ့်ကြောင့်မငိုစေချင်ပေ။ခုချိန်သူ့ခေါင်းထဲရှိတာဒါဘဲ။သူနဲ့ပြတ်ရင်လည်း နောက်rsကိုတော့အတည်အနေနဲ့ရွေးချယ်တော့မည်။မပြတ်ဘဲအဆင်ပြေနေရင်တော့ နွေဦးရိပ်မွန်ကသူ့အတွက်ဇနီးလောင်းဖြစ်လာပေလိမ့်မည်။
ရုံးဆင်းချိန် သူပို့ထားတဲ့စာတွေ့တော့ စိတ်တော့ခုသွားသည်။ဖုန်းဆက်မည်ကြံတော့ အိမ်ကအမေကအရင်ဖုန်းခေါ်လာသည်မို့ကိုင်လိုက်သည်။
"Hello မေ့"
"အေ့ သား နဒီ့အဖေဦးမိုးညိုမောင်က အလုပ်လုပ်ရတာအဆင်ပြေမပြေပြောချင်လို့ မေမေတို့နဲ့မတွေ့ရတာလည်းကြာပြီဆိုတော့လေ မိသားစုနှစ်စုညနေစာစားမလို့တဲ့ သားအလုပ်ပြီးရင်အိမ်အရင်ပြန်ရေမိုးချိုးနော် ဒီနေ့ညအပြင်မထွက်တော့နဲ့"
"အင်းပါ သားအခုပြန်လာပြီ"
--------------------------
"မတွေ့တာကြာတော့ကိုစိုးမိုးတို့မနုတို့ကပိုပိုချောသလိုဘဲဗျာ"
"ရှင့်သူငယ်ချင်းကစိတ်ချမ်းသာအောင်ထားတာကိုး"
"အမလေးဗျာ ခုထိroကြတုန်းပါလား"

KAMU SEDANG MEMBACA
နောက်ဆုံးသော ❤
RomansaJust friendခေါင်းစဥ်အောက်က စည်းကျော်မှုတွေကြောင့် ပြတ်ဆဲသွားကြတဲ့ စိုင်းလူခန့်နဲ့နွေဦးရိပ်မွန်တို့ရဲ့ အချစ်ဇာတ်လမ်းလေး။ သူတို့ဇာတ်လမ်းကဒီနေရာမှာဘဲအဆုံးသတ်သွားကြတော့မှာလား?