Part9(Unicode)

356 27 10
                                    

"သားငယ် Constructionဘက်မလုပ်ချင်ရင်ဘာလုပ်ဖို့စဥ်းစားထားလဲ"

"လောလောဆယ်တော့ဘာမှမစဥ်းစားမိသေးဘူးဖေ ဘွဲ့ကလည်းယူခါနီးပြီမို့ဘွဲ့ယူပြီးမှဘဲ တစ်ခုခုလုပ်ကြည့်ရမလားလို့"

"တစ်ခုခုတွေလုပ်မနေနဲ့ သားကြီးကConstruction Companyဘက်သူတာဝန်ယူမှာမို့ အဖေတော့သားကို Japan Electronics ဘက်ကိုတာဝန်ပေးရမလားလို့ အဲ့တာတစ်ပတ်လောက်နေရင်အဖေနဲ့မင်းနဲ့ဂျပန်ရုံးကိုသွားကြည့်ကြမယ် ပြီးမှဒီပြန်လာပြီးတာဝန်ယူပေါ့ အလွန်ဆုံးအဲ့မှာတစ်လလောက်တော့နေဖြစ်ဖို့များတယ်"

တစ်လ မွန့်ကို တစ်လလောက်သာပစ်ထားလိုက်ရင်အဲ့ချိန် သူ့ကိုမေ့တောင်မေ့နေလောက်ပြီ ။သူ့မှာအဖေ့ကိုလည်းငြင်းဖို့မလွယ်။နဒီတို့Companyမှာလည်းမနေ သူ့Companyမှာလည်းတာဝန်မယူ ခုတစ်ခေါက်ပါငြင်းလျှင်အဖေ့ဒေါသကသူ့အပေါ်အကြီးအကျယ်သက်ရောက်လာပေတော့မည်။

"ဖေ နောက်နှစ်ပတ်လောက်နေမှသွားလို့မရဘူးလား သားလုပ်စရာတွေရှိနေလို့"

"မင်းကဘာလုပ်စရာရှိတာလဲကွ အသင်းအဖွဲ့နဲ့အလုပ်လုပ်ရမယ့်သူက ကိုယ်ရေးကိုယ်တာအတွက်တစ်ဖွဲ့လုံးကိုစောင့်ခိုင်းတာမျိုးမလုပ်သင့်ဘူး မင်းလုပ်စရာရှိရင်တစ်ပတ်နဲ့ရအောင်ဖြတ်ထား ငါသွားမယ်ဆိုသွားမယ်ဘဲ"

"ဟုတ်"

သူအချိန်ဆွဲနေလျှင်မဖြစ်တော့တာမို့ ဒီနေ့လည်းမွန့်ဆီသွားရမည်။ ကျောင်းတက်တုန်းကတောင်အတန်းချိန်မမှန်သည့်လူက ခုရည်းစားကိုချော့ရန်နေ့တိုင်းကျောင်းကိုခြေချမိတော့သည်။
ရေမိုးချိုးအဝတ်စားလဲပြီးသည်နှင့်ကျောင်းသို့အမြန်ပြေးရတော့သည်။

ကျောင်းရောက်တော့ ဟိုကလေးမသုံးယောက်ကိုအရင်ရှာရသည်။အတန်းမရှိလျှင်Physicsမေဂျာဘက်က ကန်တင်းတွေမှာရှိတတ်သည်မို့ ကန်တင်းဘက်သို့အရင်ထွက်လာလိုက်သည်။

"စီနီယာကြီး ကိုစိုင်း"

ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ ဒုတိယနှစ်တုန်းကတစ်လလောက်တွဲဖူးသည့်ယွန်းအိဖြူ။

"စာမေးပွဲပြီးသွားတာတောင် Physicsဘက်ရောက်လာသေးတာဆိုတော့ ယွန်းကိုလွမ်းနေလို့လားဟင်"

နောက်ဆုံးသော ❤Where stories live. Discover now