မွန် ရေမိုးချိုးပြီးနေ့ခင်းတရေးအိပ်ရန်အိမ်ပေါ်တက်ခဲ့သည်။မနေ့ညကလည်းနှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခဲ့ဘူးမဟုတ်ပါလား။အိပ်တစ်ဝက်နိုးတစ်ဝက်နှင့်ပူလောင်သောသောကကိုခံစားနေရသည်။
အိပ်ယာပေါ်ရောက်သော်လည်းအိပ်မပျော်။ခုထိသူ့ဘက်ကတောင်းပန်ဖို့ဝေးစွ။စာပင်မပို့ပေ။
အော် မုန်းပစ်လိုက်မည်တွေးထားတာတောင် သူ့ဆီကဆက်သွယ်လာဖို့မျှော်လင့်နေသောကိုယ့်ကိုယ်ကိုယ်လည်းစိတ်ပျက်မိပါသည်။မှေးကနဲအိပ်ပျော်သွား၍မျှမကြာသေး ဘေးနားမှာမှောက်ထားသောဖုန်းလေးထမြည်လာသောကြောင့် ရင်တွေထိတ်ကနဲဖြစ်သွားရသည်။ကိုကိုလား ။
ဖုန်းကိုဆွဲယူကြည့်လိုက်ချိန်ပေါ်လာသော Contactကြောင့် မွန်စိတ်ပျက်ဝမ်းနည်းရသည်။မွန့်အတန်းဖော်သူငယ်ချင်းပွင့်ယမင်းသာဖြစ်သည်။"Hello"
"ကောင်မ နင်လင်ပူမိနေတာဆို ဒီတစ်ခါအတော်ဆိုးတယ်ထင်တယ် ကျောင်းတောင်မလာနိုင်ဘူးဆိုတော့"
"ငါဘာပြောရမှန်းကိုမသိတော့ပါဘူးမိပွင့်ရယ်၊နင်ဆူမယ်ဆိုတာလည်းသိပါတယ်"
"အေး ဒီတစ်ခါမဆူတော့ဘူး လာလိုင်းပေါ်တက်ခဲ့ငါပြစရာရှိတယ်"
"အင်းအင်း"
တောင်
မိပွင့်ဆီမှစာဝင်လာသည်။ပုံမှန်ဆိုသူငယ်ချင်းတွေGroup chatမှာပြောနေကျဆိုပေမယ့် ဒီတစ်ခါသီးသန့်လာပို့ခြင်းဖြစ်သည်။
တကယ်တော့ မိပွင့်ဆီမှဝင်လာခြင်းမှာစာတစ်စောင်မဟုတ်။Screen shotတစ်ခုသာဖြစ်ပါသည်။ထိုscreen shotသည် မွန့်ကိုပြတ်သားစေမည့်ပုံတစ်ပုံဖြစ်နေသည်။ကိုကို့လက်ကိုမနဒီကဖက်တွယ်၍ပြုံးရွှင်နေသည့်ပုံပါလား ။ကိုကိုကလည်းပြုံးနေသည်။Caption က 📸 by Daddyဆိုပါလား။Singaporeရောက်နေကြတာထင်သည်။ ဒီပိုစ့်ကို
မနဒီနှင့်မိပွင့်ကFriendဖြစ်နေ၍ မိပွင့်ကမြင်ခြင်းဖြစ်မည်။
ထို့နောက် မိပွင့်ဆီမှဖုန်းပြန်ဝင်လာသည်။"Hello"
"မွန်မွန် အဆင်ပြေလား"
"မပြေဘူးဟာ။ငါငိုလို့လဲမရတော့ဘူး။ရင်ထဲရောဦးနှောက်ထဲရောမှောင်မည်းပြီးဘာစကားပြောရမယ်မသိဘူး။ကိုကိုက မဟုတ်ဘူး အဲ့လူက ငါ့ဆီမဆက်သွယ်တာ ဒီနေ့ရောဆိုနှစ်ရက်ရှိပြီ။သူတို့ကဘာတွေလဲ။မနဒီအဖေကရိုက်ပေးထားတာဆိုတော့သူတို့က စေ့စပ်ထားတဲ့လူတွေလား။အဲ့လူကငါ့ကိုချစ်ရောချစ်ခဲ့ရဲ့လား။ဘာလို့ဒီလိုလုပ်ရတာလဲယငါ့ခေါင်းထဲမှာ မေးခွန်းတွေဘဲပြည့်နေပြီး အဖြေမရှိဘူး ရှာမတွေ့ဘူးမိပွင့်ရယ် ဟင့် ။

YOU ARE READING
နောက်ဆုံးသော ❤
RomanceJust friendခေါင်းစဥ်အောက်က စည်းကျော်မှုတွေကြောင့် ပြတ်ဆဲသွားကြတဲ့ စိုင်းလူခန့်နဲ့နွေဦးရိပ်မွန်တို့ရဲ့ အချစ်ဇာတ်လမ်းလေး။ သူတို့ဇာတ်လမ်းကဒီနေရာမှာဘဲအဆုံးသတ်သွားကြတော့မှာလား?