Part 4 (Unicode)

282 24 12
                                    

စိုင်းလူ ပြန်ရောက်တော့ မွန့်ကိုသတိရသည်နှင့် ဖုန်းဆက်လိုက်သည်။

"Hello မွန် ကိုယ်အလုပ်ကိစ္စနဲ့ခရီးထွက်နေရလို့ခုမှအားတယ်"

"အင်း...မွန်သိပါတယ်"

"နေမကောင်းဘူးလားအသံကတစ်မျိုးဖြစ်နေသလိုဘဲ"

"အင်းဟုတ်တယ်"
"အော် ဆေးသောက်ဦး"

"ဟုတ် ကိုကို မွန်တို့တွေ့ရအောင်လေ ကိုကိုဘယ်နေ့အားလဲ Dateဖို့မဟုတ်ဘဲခဏလေးဆိုရတယ် မွန်တွေ့ချင်လို့"

"အင်းအင်း မနက်ဖြန်တွေ့ကြမယ်လေ"

"အင်း ကျောင်းထဲကတွေ့နေကျဧကရာဇ်ပင်ကြီးအောက်တွေ့ကြမယ်နော်"

"အိုခေအိုခေ see you"

----------------------------
တစ်ပတ်နေမှပေါ်လာပြီး ဘာမှမဖြစ်သလိုနေနေသည့်သူ့အား ဘာမှထပ်ပြောလိုစိတ်မရှိတော့ပါ။အကယ်၍ မနဒီနှင့်သူကစေ့စပ်ထားတယ်ဆိုလျှင် ဒီဇာတ်လမ်းမှာမွန်ကဇာတ်ပို့တစ်ယောက်မျှသာ။သူကသူ့ဘဝအတွက်မစာမနာကိုယ့်ကိုယ်အသုံးချခဲ့သည်ဆိုလျှင်ရော ဖြစ်ပြီးသွားမှတော့ဘာများတတ်နိုင်ဦးမလဲ။
မွန်တက္ကသိုလ်တက်စက ဆယ်ကျော်သက်ပီပီပျော်ရွှင်မြူးထူးခဲ့ရသည်။နဂိုကတည်းကသွက်သွက်လက်လက်နှင့် စကားအရမ်းပေါတတ်သည့်ကောင်မလေးဖြစ်သည်။ခုတော့အချစ်ကြောင့်ရရှိသောဒဏ်ရာများကမွန့်အာရုံကြောများကိုတုံ့ဆိုင်းသွားစေခဲ့သည်။
ကိုယ့်ဘဝနဲ့ကိုယ်ပေါ့လေ.....။

----------------------------

ဆောင်းဝင်ခါစမြောက်လေသည်တဖြူးဖြူးနှင့်လူတွေကိုငိုက်မြည်းစေသည်။ဧကရာဇ်ပန်းများသည်လည်း အတွဲလိုက်အတွဲလိုက်အဆုပ်ဆုပ်နဲ့ဖူးပွင့်နေသည်။သူ့မွှေးရနံ့များကလူကို ကြည်နူးစေသည်။မြောက်လေတစ်ချက်ဝှေ့တိုင်း ဧကရာဇ်ပန်းလေးများကမိုးရွာနေသည့်နှယ်တဖြုတ်ဖြုတ်ကျလာလေသည်။
ထိုအပင်အောက်ကခုံလေးတွင် မွန်မွန်သည်သူ့အားထိုင်စောင့်နေသည်။
အနီရောင် ပန်းပွင့်ခပ်စိပ်စိပ်ပါသော ဒူးဖုံးရုံဂါဝန်လေးကိုနို့နှစ်ရောင်ဆွယ်တာအပါးလေးတွဲဖက်ဝတ်ဆင်ကာ Sneakerဖိနပ်အဖြူလေးကိုစီးထားသည်။ကျောလည်လောက်ရှိသောဆံပင်တွေက်ုဖြန့်ချထားကာ ထိုကေသာများသည်မြောက်လေတိုက်တိုင်း လှပစွာလွင့်ကာနေသည်။
လက်လေးပိုက်ကာ အဝေးကိုငေးကြည့်နေသည့်ထိုကလေးမသည်ဖွေးစွတ်နေသည့်ပိုးဟပ်ဖြူလေးကဲ့သို့ချစ်စရာကောင်း​နေသည်မို့ စိုင်းလူသူ့ဆီလမ်းလျှောက်လာရင်း ဓာတ်ပုံတစ်ပုံခိုးရိုက်လိုက်သည်။

နောက်ဆုံးသော ❤Where stories live. Discover now