Part 10(Unicode)

279 12 1
                                    

နောက်ဆုံး(part 10)

ဒီနေ့ ဟိုကလေးတွေနဲ့စာချုပ်ချုပ်ရမှာမို့ ကိုကြီးနှင့်ကိုလင်းသူရကိုခေါ်ကာ ပိစိမအိမ်ထွက်ခဲ့ဖို့ပြင်ဆင်နေသည်။
ရယ်တော့ရယ်စရာကောင်းလှသည်။သူတို့လေးတွေကိုလှောင်လိုစိတ်ဖြစ်တာတော့မဟုတ်။ရည်းစားတကာပတ်ရှုပ်ခဲ့ပြီးမှ ကလေးကလားဆန်တဲ့အပြုအမူတွေလုပ်နေတဲ့အထိမွန့်ကိုချစ်မိသွားခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ်ရယ်ချင်စိတ်ဖြစ်နေခြင်းဖြစ်သည်။
ရေမိုးချိုးပြင်ဆင်ပြီးနောက် ရှည်လျားနေသောဆံပင်တွေကိုစုစည်းကာ Hoodieကိုကောက်စွပ်လိုက်သည်။ဒီဆံပင်တွေကိုဖေဖေကညှပ်ဖို့ပြောနေသည်။လုပ်ငန်းတစ်ခုဦးစီးလုပ်တော့မှာမို့ သူ့သားကိုသပ်သပ်ရပ်ရပ်ဖြစ်စေချင်နေပုံပင်။ဆံပင်ရှည်နှင့်ခပ်မိုက်မိုက်ဘောစ့်လုပ်နေသောBussiness manတွေကိုဒယ်ဒီဖားသားဖေဖေ မမြင်ဖူးသေးဘူးထင်ပ။ဘဝမှာတစ်ခါလောက်တော့ဆံပင်ရှည်ထားချင်တာကတော့သူ့ဆန္ဒဖြစ်သည်။
စွဲစွဲလန်းလန်းကြီးတော့မဟုတ်သောကြောင့် ညှပ်ဖို့ဆိုလည်းဝန်မလေးပါ။
သွားဖို့ပြင်ဆင်ပြီး ကိုကြီးကိုရုံးမှာဝင်ခေါ်ရဦးမည်။ဒီနေ့ကစနေနေ့ဆိုပေမယ့် ရုံးချုပ်နှင့်အရေးပေါ်အစည်းအဝေးရှိ၍ မနက်ခင်းတစ်ပိုင်းအပြေးအလွှားသွားရခြင်းဖြစ်သည်။
သူလည်းပြန်ရောက်ပြီးမှအတော်အလုပ်ကြိုးစားနေသည်။သူ့ချစ်သူနှင့်လက်ထပ်ရတော့မည်ကိုး။တစ်ကြိမ်လက်ထပ်ပြီးဖြစ်ပေမယ့် သူ့လိုဆိုးသွမ်းနေတဲ့သူကိုလိမ္မာလာအောင် ဟိုးအရက်သမားဘဝကတည်းကသည်းခံချစ်ပေးလာသောကြောင့် ပိုချစ်မိသည်။သူ့ဘဝရဲ့အသက်ရှင်ဆေးဟုတောင်ကိုကြီးကချီးမွမ်းကာ မနန်းအကြောင်းကောင်းကြောင်းများတဖွဖွပြောလွန်းလို့ မေမေကပင်အမြင်ကတ်နေပေသည်။

ရုံးရောက်တော့ အစည်းအဝေးကမပြီးသေးသောကြောင့်သူထိုင်စောင့်နေရသည်။

"သူက ကိုစိုင်းနောင်ရဲ့ညီတဲ့ နောက်လဆိုသူကလည်းလုပ်ငန်းခွဲတစ်ခုကိုဦးစီးတော့မှာတဲ့ "

"အေးဟယ် ချောလိုက်တာ ကိုစိုင်းနောင်နဲ့ကွာတယ်နော် သူကလူငယ်ဆန်ဆန်ခပ်မိုက်မိုက်လေး"

နောက်ဆုံးသော ❤Where stories live. Discover now