အခန်း၂၀၃

691 113 1
                                    

ဘိုင်ကျိုးသည် ကျီဖန်ယင်းကို ဦးထုပ်ဆောင်းပေးရင်း နှာရှုံ့လိုက်သည်။

ကျီဖန်ယင်းသည် နာရီကိုတစ်ချက်ကြည့်လိုက်ရာ ဆယ့်တစ်နာရီထိုးခါနီးနေပြီဟူ၍ သတိပြုမိခဲ့သော်လည်း သူမထွက်ခွာမီ နောက်ဆုံးအကြိမ်အဖြစ် မီးလောင်ရာလေပင့်ရန် ဆုံးဖြတ်ခဲ့သည်။ "နင့်လက်ကောက်ကလှတယ်နော်။ ကျီရှင်းရှင်း လက်ဆောင်ပေးထားတာလား။"

ကျီရှင်းရှင်းသည် စုန့်ရှီးယွီ၏လက်ကောက်ဝတ်ကို တစ်ချက်ကြည့်လိုက်ပြီး သတ္တုလက်ကောက်တစ်ခုကို သတိပြုမိခဲ့သည်။

ဒီလက်ကောက်က ငါပေးထားတာမဟုတ်ဘူး... သူက လက်ကောက်​တွေဝတ်ရတာ မကြိုက်ဘူးဆိုပြီး ပြောခဲ့တယ်လေ။

သူမ၏မျက်နှာအရောင်သည် ဆိုးရွား​နေပြီ။ သူမသည် မျက်နှာတွင် အပြုံးတစ်ပွင့်ကိုတပ်ဆင်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သူမက ဘိုင်ကျိုးဘက်လှည့်ကာ "ကျိုးကျိုး၊ မင်းကရော။ မင်းရဲ့ ခံစားချက်​​တွေရော ​ပြောင်းလဲသွားပြီလား"

ဘိုင်သည် ဆိုင်ကယ်လက်ကိုင်တွင် ချိတ်ထားသည့် ဦးထုပ်ကို ယူလိုက်ကာ "မင်းငါ့ကို မဖြေရသေးဘူး။ ငါတို့နဲ့ ဂိမ်းဆော့ခဲ့တဲ့ အဲဒီ Kittyဆိုတာ သူက တကယ်မိန်းကလေးလား။"

ကျီရှင်းရှင်းက သူမရဲ့ အောက်နှုတ်ခမ်းကို ကိုက်ကာ "ဟုတ်တယ်လို့။ ငါမင်းကို လိုက်ပြလို့တောင်ရတယ်။ သူက ငါ့ရဲ့အခန်းဖော်၊ တရုတ်ကလူပဲ။"

"ဆယ့်တစ်ထိုးပြီ" ပရော်ဖက်ရှင်နယ်သရုပ်ဆောင် ကျီဖန်ယင်းသည် သူမ၏လက်ကို မြှောက်ကာ စကားဝိုင်းထဲ ကြား​ဖြတ်ဝင်လိုက်သည်။ "မင်းရဲ့ကြိုတင်မှာယူမှုကို ဖျက်ချင်လဲ ရတယ်နော်။"

ဘိုင်ကျိုးသည် သူမကို စူးရှစွာစိုက်ကြည့်လိုက်ပြီး ဦးထုပ်ကို အမြန်ဝတ်လိုက်သည်။ ထို့နောက် ခေါင်းညိတ်ကာ ဆိုင်ကယ်ဆီသို့ လှမ်းကြည့်ပြီး "တက်"

ဘိုင်ကျိုး၏ပခုံးကို ဖိကာ ကျီဖန်ယင်းသည် ဆိုင်ကယ်နောက်ခုံပေါ်သို့ တက်ခဲ့သည်။ ရန်ပွဲနေရာမှ မထွက်ခွာခင် သူမသည် ကျီရှင်းရှင်းအား လှည့်ကြည့်ကာ ဦးထုပ်ထဲမှ ပြုံးပြခဲ့သေးသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူ[Book 2]Where stories live. Discover now