အခန်း၂၂၅

867 70 1
                                    

ကျီဖန်ယင်း၏ လက်ထောက်အသစ်သည် သူမထင်ထားသည်ထက် ပို၍ အရည်အချင်းပြည့်ဝသည်။ သူမ၏ အချိန်ဇယားကို အပြစ်အနာအဆာမရှိအောင် စီစဉ်ထားပြီး မကျေမနပ်ဖြစ်စရာ ဘာတစ်ခုမှမရှိပါ။ တိုက်နေသော အချိန်ဇယားများကိုပင် ဖုန်းခေါ်ဆိုမှုအနည်းငယ်ဖြင့် ထိရောက်စွာဖြေရှင်းနိုင်ခဲ့သည်။

ကျီဖန်ယင်းသည် ရှန့်ချီသည် ၉၉၆ပရိုဂရမ်မာမဖြစ်ခင်က နာမည်ကြီးCEO၏ ကိုယ်ရေးကိုယ်တာအတွင်းရေးမှူးဖြစ်ခဲ့သလားဟု တွေးတောမိသည်။

လီရှောက်ရှင်းမှာ ကိုယ်ရေးကိုယ်တာလက်ထောက်တွေ စုစုပေါင်း လူလေးဆယ်ဝန်းကျင်ရှိတယ်လို့ ကြားဖူးတယ်။ အဲဒီလူတွေရဲ့ လစာက ပုံမှန်လုပ်ငန်းအသေးစားတွေထပ် များတယ်ထင်တာပဲ။

ရှန့်ချီက "မစ္စတာလီရှောက်ရှင်းနဲ့ မစ္စကျီရှင်းရှင်းတို့ရဲ့ စေ့စပ်ပွဲဖိတ်စာလည်းရထားပါတယ်။ ဒီလ ၁၂ရက်နေ့ပါ။"

"သစ်ပင်ပန်းမန်များ​နေ့မလို့လား။" ​ကျီဖန်ယင်းက မသိစိတ်မှ မှတ်ချက်ချလိုက်သည်။

"မစ္စတာလီရှောက်ရှင်းနဲ့ မစ္စကျီရှင်းရှင်းတို့ ပြန်လည်ဆုံဆည်းတဲ့နေ့ပါတဲ့" ရှန့်ချီ သူမစကားကို ပြင်ပေးခဲ့ပါတယ်။

ကျီဖန်ယင်း : "..."

သူမသည် ရှန့်ချီထံမှ ကြားခဲ့သည့် စကားကို အချိန်အတန်ကြာခွဲခြမ်းစိတ်ဖြာပြီးနောက် အရေးကြီးသောမေးခွန်းကို မေးလိုက်သည်၊ "ဘယ်လိုလုပ်သိတာလဲ"

ဒါဟာ ကျီရှင်းရှင်းနှင့် လီရှောက်ရှင်းသာသိသော အချက်အလက်ဖြစ်သင့်သည်။

ရှန့်ချီက သူ့မျက်မှန်ကို ပင့်ပြီး "မစ္စကျီရှင်းရှင်း ကိုယ်တိုင် ပြောထားတာပါ။"

"အိုး..." ကျီဖန်ယင်း၏ စိတ်ဝင်စားမှုသည် ကျဆင်းသွားသည်။

သူ့ကို အောက်ဖဲလှန်လာမဲ့လူရှိနေမှာကို ကြောက်နေလို့ ပွဲကို အစီအစဉ်အပြည့်လုပ်နေတာဖြစ်မယ်။ လီရှောက်ရှင်းသည် သူ့ကို ပိုချစ်လာအောင် ကောင်းကောင်းကြိုးစားနေတာပါလား။

ဒီအခြေအနေအရ သူမ ပိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလေလေ သူ့ကိုပိုမှီခိုလာ​လေလေဖြစ်ပြီး နောက်ဆုံး လျို့ဝှက်ချက်ဖော်ထုတ်ခံရမှာကို အရမ်းကြောက်လာလေလေဖြစ်မှာပင်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူ[Book 2]Where stories live. Discover now