အခန်း၂၁၇

383 58 0
                                    

ထိုအတွေးများသည် ခဏတာအတွင်း ကျီဖန်ယင်း၏ စိတ်ထဲသို့ ဖြတ်သန်းသွားသည်။ မကြာမီတွင် သူမက လီရှောက်ရှင်းအား "သူကရှင့်ကို တိုက်ရိုက် ငြင်းခဲ့တာလား?"

"... ဖွင့်ပြောတာကို သူလက်မခံဘူး။" ဟု လီရှောက်ရှင်းမှ ဖြည်းညှင်းစွာ ပြန်ဖြေသည်။ "ငါဘာလုပ်ရမလဲ"

လီရှောက်ရှင်း၏ အေးဆေးတည်ငြိမ်ပုံရသော်လည်း စိတ်ပျက်အားငယ်နေသော မေးခွန်းကို ရင်ဆိုင်ရချိန်တွင် ကျီဖန်ယင်းသည် တိုးတိုးလေးရယ်ကာ "ဘာမှလုပ်စရာမလိုပါဘူး"

"လက်​လျှော့ဖို့ ပြောနေတာလား"

"လက်လျှော့ခိုင်းတာမဟုတ်ဘူး။ မျိုးစေ့ကိုကြဲပြီးပြီဆိုတော့ အခု စပါးရိတ်သိမ်းဖို့ပဲ စောင့်ရတော့မယ်။"

"... ကျီဖန်ယင်း၊ ရှင်းရှင်း နဲ့ ငါ့ကြားမှာ ပြန်မပြင်နိုင်တဲ့ အက်ကြောင်း ပေါ်လာခဲ့ရင် မင်းငါ့ဆီက ယူထားသမျှကို နောင်တရအောင်လုပ်ပစ်မယ်။"

လီရှောက်ရှင်း၏ ခြိမ်းခြောက်မှုသည် ကျီဖန်ယင်း အာရုံစိုက်လာစေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ "အခုနောက်ကျနေပြီ၊ အိပ်လိုက်တော့။ မနက်​ဖြန်​မနက်​အိပ်​ရာနိုးရင်​ အကုန်အဆင်​​ပြေသွားလိမ့်မယ်။ ရှင်ရင်ဆိုင်နေရသောအခက်အခဲကို အနာဂတ်ကိုကြောက်နေတာလို့ခေါ်တယ်။ ကျီရှင်းရှင်းက ဉာဏ်ကောင်းတယ်၊ သူမနက်​ဖြန်​​ရောက်​​လာလိမ့်မယ်​။"

ထိုအချိန်တွင် သူမသည် ခဏရပ်ကာ "မစ္စတာလီ၊ ကျွန်မကိုယုံပါ" ဟု ညင်သာစွာ ထပ်ပြောသည်။

လီရှောက်ရှင်းနဲ့ ကျီဖန်ယင်း၏ သင်ခန်းစာများသည် အာဏာနဲ့ ယုံကြည်မှုအပေါ် တည်ဆောက်ထားတာကြောင့် ဖြစ်နိုင်ပြီး လီ​ရှောက်ရှင်းသည် ဘာမှ မပြောရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ဒုတိယခြိမ်းခြောက်မှုကို ထပ်မပြောဘဲ ဖုန်းကို တိတ်တဆိတ် ချလိုက်သည်။

ပြီးတော့ နှစ်ခေါက်တောင် ခြိမ်းခြောက်လျှင် စျေးပေါ်သလိုခံစားရသည်။

ကျီဖန်ယင်းသည် စတော်ဘယ်ရီတစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်​ပြီး ကျီရှင်းရှင်း၏နံပါတ်ကိုရှာဖွေပြီး လှမ်းခေါ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူ[Book 2]Where stories live. Discover now