အခန်း၂၁၁

469 67 0
                                    

ကျီဖန်ယင်းနှင့် ကျန်းနင်တို့ကဲ့သို့ အရွယ်ရောက်ပြီးသူများသည် စနောက်မှုကို ဘယ်အချိန်တွင် အဆုံးသတ်ရမယ်ဆိုတာ သိ​ကြပါတယ်။

လူငယ်လေး၏ နားရွက်တစ်ခုလုံး နီရဲနေသည်ကို မြင်လိုက်ရသော ကျီဖန်ယင်းက သူ့ကိုစနောက်ခြင်းကို ရပ်လိုက်သည်။ သရုပ်ဆောင်တွေရဲ့ အနားယူခန်းကို သူမမြင်နေရပြီဖြစ်ပြီး လူငယ်လေးကိုလည်း စိတ်တည်ငြိမ်သွားစေရန် သူမကိုယ်တိုင်သာ သွားရန်ဆုံးဖြတ်လိုက်သည်။

သို့သော် ချန်ယွမ်ရှန်းသည် သူမ၏လေကာအင်္ကျီလက်ကို ဆွဲကာ သူမကိုရပ်တန့်လိုက်သည်။ သူသည် အသက်ပြင်းပြင်းရှူပြီးနောက် သူမကို​မော့ကြည့်ပြီး "ဟင်းချက်သင်တန်းပြီးသွားရင် အစ်မ ကျွန်တော့်ရဲ့ အရည်အချင်းကို စစ်ကြည့်ချင်လား။"

လူသားများသည် မြီးကောင်ပေါက်အရွယ်မှ အရွယ်ရောက်ပြီးသည်အထိ အမြဲတိုးတက်နေပါသော်လည်း အခြားလမ်းကို ဘယ်တော့မှ မရောက်ပါ။ ထို့ကြောင့် အရွယ်​ရောက်​ပြီးသူများသည် ရံဖန်ရံခါတွင် အတိတ်အမှတ်တရများကြားတွင် နစ်မွန်းလေ့ရှိသည်။

ကျီဖန်ယင်းသည် ယခု ထိုသို့ခံစားနေရတာပင်။

သူမသည် ခေါင်းငုံ့ပြီး ဒီကိစ္စကို လေးလေးနက်နက် တွေးလိုက်သည်။

အချိန်တွေက တဖြည်းဖြည်းနဲ့ ရွေ့လျားနေလေသည်။

အရင်ဖိတ်​ကြားသည့်သူသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး "အရမ်းကြီး စဉ်းစားစရာ မလိုပါဘူး။ အစ်မ ငြင်းလည်းအဆင်ပြေပါတယ်။ အစ်မ ကျွန်တော်ချက်တာကိုစားချင်ရင် ကြိုက်တဲ့အချိန် ဖုန်းဆက်လိုက်လို့ရတယ်။ ကျွန်​တော် ချက်ချင်း ပြေးလာခဲ့မယ်။"

"မင်းရဲ့ ဟင်းချက်သင်တန်းက ဘယ်တော့ပြီးမှာလဲ" ကျီဖန်ယင်းက ခေါင်းမော့ပြီး မေးလာသည်။

ချန်ယွမ်ရှန်းသည် ခေတ္တ အံ့အားသင့်သွားသည်။ "အတန်းတွေက နောက်သုံးလကြာပြီး ဧပြီကျမှပြီးမှာ။"

"ဧပြီ..." ကျီဖန်ယင်း နောက်ထပ် စက္ကန့်အနည်းငယ်လောက် စဉ်းစားလိုက်ပြီး "သိပြီ။ မင်းအတန်းပြီးရင် အစ်မကိုပြောဦး။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူ[Book 2]Where stories live. Discover now