ကျီဖန်ယင်း နောက်ဆုံး အလုပ်ပြီးချိန်တွက် ၉ နာရီထိုးနေပြီဖြစ်သည်။ စုန့်ရှီးယွီသည် နှိုးစက်သံကို ခံနိုင်ရည်ရှိလာပုံရပြီး သူသည် ဘာသိဘာသာပင် "မနက်ဖြန်ဘယ်သူနဲ့တွေ့ရမှာလဲ"ဟု မေးသည်။
"ဒါက ငါ့ဖောက်သည်ရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်မှုပဲ" ဟု ကျီဖန်ယင်းက ခေါင်းမမော့ဘဲ ပြန်ဖြေသည်။ သူမက တက္ကစီတံခါးကိုဖွင့်ပြီး "နှုတ်ဆက်ပါတယ်"
ဒီတစ်ခါကတော့ တကယ့်နှုတ်ဆက်မှုပါ။
ကျီဖန်ယင်း အိမ်ပြန်ရောက်တာနဲ့ စုန့်ရှီးယွီကို သူမ၏ ကြိုတင်စာရင်းသွင်းအက်ပ်တွင် blacklistသွင်းပြီး ဒီအက်ပ်ကို ဝင်သုံး၍မရနိုင်ကြောင်း အတည်ပြုခဲ့ပါသည်။
သိပ်မကြာခင်မှာပဲ ဘိုင်ကျိုးဆီမှ ဖုန်းဝင်လာသည် "အိမ်ပြန်ရောက်ပြီလား"
"အခုက အလုပ်ချိန်မဟုတ်ဘူး၊ အချိန်ပိုကြေးပေးချင်လို့လား။" ကျီဖန်ယင်း ပျင်းရိစွာ မေးလိုက်သည်။
ဘိုင်ကျိုးက မေးခွန်းတစ်ခုနှင့် ချက်ချင်းပြန်ဖြေတယ် "အဲ့လိုရလား။ ဘယ်လောက်လဲ။"
"ဟင့်အင်း၊ မရဘူး" ကျီဖန်ယင်းက ပြန်ဖြေသည်။ ကိုလာတစ်ဗူးယူဖို့ ရေခဲသေတ္တာဆီ သွားလိုက်ပြီး "မနက်ဖြန်တွေ့ရမဲ့နေရာကို မပို့ရသေးဘူးနော်။"
ဘိုင်ကျိုးက စိတ်ပျက်လက်ပျက်ဖြင့် "အို့" လို့ ပြောပြီး "ငါမင်းကို လာခေါ်လိုက်မယ်။ ဘယ်မှာနေတာလဲ။"
"အလုပ်ရှုပ်ခံစရာမလိုဘူး။ ငါ့ဘာသာပဲ သွားလိုက်မယ်" ကျီဖန်ယင်းက အေးစက်စွာ ငြင်းဆိုလိုက်သည်။
"ရတယ်။ ငါလာခဲ့မယ်" ဘိုင်ကျိုးက အခိုင်အမာဆိုသည်။ "အရင်လတုန်းက လျို့ဝှက်စုံထောက်တစ်ယောက်ကိုငှားပြီး မင်းနေတဲ့ရပ်ကွက်ကို ရှာခိုင်းထားခဲ့တယ်။ ဒါပေမဲ့ လိပ်စာအတိအကျကိုတော့ မရှာထားဘူး။ မင်းတို့ရပ်ကွက်ရဲ့ တောင်ဘက်လမ်းမှာ တွေ့ကြမယ်။ ဒီလိုဆို အဆင်ပြေတယ်မလား။ ငါမင်းကို ငွေချေပြီးပြီနော်!"
သူက ကျီဖန်ယင်းကို ဘာမှပြောခွင့်မပေးဘဲ ဖုန်းချလိုက်သည်။