အခန်း၂၂၂

382 59 1
                                    

ဘိုင်ကျိုးသည် စက္ကန့်​ပေါင်များစွာကြာအောင် မျှော်လင့်​နေသော မျက်လုံးများဖြင့် သူမကို ကြည့်နေသည်။

စိတ်ရှုပ်သွားသော ကျီဖန်ယင်းက နွေးထွေးနူးညံ့သော အသံဖြင့် "ကျိုးကျိုး ဘာလို့ မမကို ဒီလိုကြည့်နေတာလဲ"

ဘိုင်ကျိုးက သူမထက်ပင် ပိုအံသြသွားတယ်။ "ဒီနေရာကို မမှတ်မိဘူးလား"

"မမတို့အရင်က ဒီကိုရောက်ဖူးလို့လား။" ကျီဖန်ယင်းသည် သူမ၏မှတ်ဉာဏ်များကို လျင်မြန်စွာစဉ်းစားလိုက်သည်။

မဟုတ်ဘူး၊ ငါသူနဲ့ အရင်က ဒီကိုမရောက်ဖူးဘူး။

ငါသူနဲ့တွေ့တဲ့အချိန်အများစုက သူ့အိမ်မှာပဲ။ ​ပြီးတော့ အပြင်မှာဆို ပုံဆွဲတဲ့စတူဒီယို၊ Disneyland၊ Universal Studiosလို နေရာမျိုးပဲ သွားဖူးခဲ့တာ၊ ဒီနေရာတော့မလာဖူးဘူး။

ကျီရှင်းရှင်းနဲ့ အတူသွားခဲ့တဲ့ နေရာများလား။

ဘိုင်ကျိုးသည် သည်းမခံနိုင်တော့တာကြောင့် ဒေါသတကြီးအော်တော့သည်၊ "ဒါက ငါတို့နှစ်ယောက် ပထမဆုံးတွေ့ခဲ့တဲ့နေရာလေ!"

"ကျိုးကျိုး၊ မင်းအမှတ်မှားနေတာနေမယ်နော်။" လို့ ကျီဖန်ယင်းက အံ့သြစွာ ပြန်ပြောလိုက်သည် "မမှတ်မိဘူးလား၊ မမတို့ ပထမဆုံးတွေ့ကြတာ ရန်တုက နွေရာသီစခန်းမှာလေ။ အဲ့တုန်းက မင်းတို့ကျောင်းက ဘွဲ့ရပန်းချီကျောင်းသားတွေရဲ့ လက်ရာတွေကို ပြထားတဲ့ ပြခန်းကို သွားလည်ကြရင်းနဲ့တွေ့ကြတာ။"

ဘိုင်ကျိုးသည် အလွန်စိတ်မွန်းကျပ်တာကြောင့် သူ့ကိုယ်သူ တည်ငြိမ်စေရန်အတွက် မျက်လုံးများကို စက္ကန့်များစွာမှိတ်လိုက်သည်။ အဲဒီနောက် သူ၏အသံထဲတွင် ဖိအားဖြင့်ပါလာပြီး "ဒါက ကျီဖန်ယင်းကို ပထမဆုံးစတွေ့တဲ့ နေရာ။ ဒါဆို ရှင်းပြီမလား။"

ကျီဖန်ယင်းက သူမ၏မှတ်ဉာဏ်များကို ​ပြန်ကြည့်နေသည်။

တကယ် ဒီမှာတွေ့ခဲ့ကြတာပင်။

ထိုအချိန်တုန်းက နွေရာသီစခန်းမှ ထွက်လာပြီးသည့်နောက် ဘိုင်ကျိုးသည် ကျီရှင်းရှင်းကို ဟူပြန့်မြို့သို့သွားရာလမ်းတစ်လျှောက်တွင် သူမနှင့် ရင်းနှီးချင်ခဲ့သည်။ ကျီရှင်းရှင်းသည် သူငယ်ချင်းအနည်းငယ်ကို ဒီကိုဆော့ကစားရန် ခေါ်လာသည့် အဖြစ်အပျက်တစ်ခုရှိခဲ့ဖူးပြီး သူမသည် 'ကျီဖန်ယင်း' ကို သူငယ်ချင်းအသစ်ရရန် အခွင့်အရေးကောင်းတစ်ခုဟု ပြောကာ ဆွဲခေါ်လာခဲ့သည်။

ဒါပေမယ့် မယုံနိုင်လောက်အောင် ရှက်ကြောက်တတ်လွန်းသော 'ကျီဖန်ယင်း' သည် ဘယ်လိုလုပ်သူငယ်ချင်း ဖွဲ့နိုင်ပါ့မလဲ။ သူမသည် ဝင်စကားပြောခွင့်ပင် မရရှိခဲ့ပေ။

အဲဒီနေ့မှာပဲ ကျီရှင်းရှင်းသည် 'ကျီဖန်ယင်း' ကို ဘိုင်ကျိုးနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ သူမသည် အပြုံးတစ်ခုဖြင့် "ဒါအစ်မအမွှာအစ်မ၊ သူက အရမ်းတော်တဲ့လူလေ။"

ဘိုင်ကျိုးသည် ကျီရှင်းရှင်းကြောင့် 'ကျီဖန်ယင်း'အား ရည်မွန်စွာ နှုတ်ဆက်ခဲ့သည်။

'ကျီဖန်ယင်း' ၏ တုံ့ပြန်မှုသည် ခြင်တစ်ကောင်၏ အသံကဲ့သို့ သေးငယ်နေခဲ့သောကြောင့် ဘိုင်ကျိုးကို အာရုံစိုက်သွားစေခဲ့သည်။ သူ၏ 'ကျီဖန်ယင်း' အပေါ် ကနဦးအထင်အမြင်မှာ ထိုအချိန်တုန်းကကြောင့် ဖြစ်နိုင်သည်။

"အာ၊ မှတ်မိပြီ" ကျီဖန်ယင်းက သူမ တစ်ခုခုကို သတိရလာသော အမူအရာဖြင့် ပြောလိုက်သည်။ သူမသည် မေးစေ့ကို လက်ညိုးဖြင့် ပွတ်သပ်ရင်း "ဒါပေမယ့် မင်းအဲ့တုန်းက မမရဲ့အစ်မကို သဘောမကျခဲ့ဘူးမဟုတ်ဘူးလား။ 'သူကဘာကိုတော်တာလဲ၊ မမရဲ့လက်တစ်ချောင်းနဲ့တောင် မယှဉ်နိုင်ဘူး'လို့တောင် ပြောခဲ့သေးတယ်လေ။' မမ မှတ်မိတာ မှားနေတာလား။"

မထင်မှတ်ထားသော နှုတ်ရေးတိုက်ခိုက်မှုကြောင့် ဘိုင်ကျိုးသည် တိုးတိုးလေး "ချီးပဲ" ဟု ကျိန်ဆဲလိုက်သည်။

သူသည် နာကျင်နေသော နှလုံးသားကို ဖမ်းဆုပ်ကိုင်ရင်း အချိန်နောက်ပြန်လှည့်နိုင်မည့်စက်ကို ဘယ်မှာဝယ်လိူ့ကမလဲဆိုတာကိူ တွေးတောနေမိသည်။

အချိန်တွေကိုသာ နောက်ပြန်ဆုတ်နိုင်ခဲ့ရင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကသူ့ကို ပါးပိတ်ရိုက်ပစ်ချင်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူ[Book 2]Where stories live. Discover now