"... ငါ့မွေးနေ့ မကြာခင် ရောက်တော့မှာ" ဘိုင်ကျိုးက ရုတ်တရက် ပြောလိုက်တယ်။
"သိတယ်" ကျီဖန်ယင်းသည် သူမ၏နံပါတ်တစ်ဖောက်သည်၏မွေးနေ့ကို မသိဘဲ နေမှာမဟုတ်ပေ။
"၂၁နှစ်မြောက် မွေးနေ့" သူက လေးနက်စွာ ပြောခဲ့သည်။
"သိပါတယ်" ကျီဖန်ယင်းကလည်း လေးနက်သော အသံဖြင့် ပြန်တုံ့ပြန်ခဲ့သည်။
အဲဒီနေ့ ဂရိမှာတုန်းက သူမ ဘိုင်ကျိုးကို အဖြေပြန်ပေးမယ်ဟု ကတိပေးခဲ့တဲ့နေ့ပေ။
"မင်းအဲဒါကို မေ့မနေရင် ကောင်းမယ်။" ဘိုင်ကျိုးသည် အေးစက်စွာ နှာမှုတ်လိုက်သည်။ ထို့နောက် သူက သူမအဝတ်အစားများကို ကြည့်ပြီး စိတ်မရှည်စွာဖြင့် "မြန်မြန် တက္ကစီခေါ်လိုက်တော့။" ဟု တိုက်တွန်းလိုက်ပါသည်။
"အိမ်မပြန်သေးဘူး။" ကျီဖန်ယင်းသည် သူမ၏ နာရီကို တစ်ချက်ကြည့်လိုက်သည်။ "ငါလုပ်စရာတွေရှိသေးတာမို့ အရင်သွားနှင့်တော့မယ်။"
ဘိုင်ကျိုးသည် မသိစိတ်မှ သူမကို တားလိုက်သည်။ "ဘယ်သွားမှာလဲ၊ ဘယ်သူနဲ့တွေ့မလို့လဲ။"
ကျီဖန်ယင်းက သူမနာရီကိုပုတ်ပြီး ဘိုင်ကျိုးကို "ဒါအလုပ်ချိန်ပြင်ပမှာနော်"
သူမသည် ဘိုင်ကျိုးကို အနောက်မှာ ချန်ရစ်ထားခဲ့ပြီး ကော်ဖီဆိုင်ထဲမှ ထွက်လာသည်။ သူမမှာ တကယ်ကို လုပ်စရာကိစ္စရှိနေတာပါ။ သူမသည် နောက်ဆုံးထွက်ရုပ်ရှင်ကို ကြည့်ရန် ရုပ်ရှင်ရုံကို အပြေးအလွှား သွားရမှာပဲဖြစ်သည်။
နောက်သာကျရင် သူမသည် Weiboတွင် spoilခံရမည့် ဘေးအန္တရာယ်ရှိသည်။
ရုပ်ရှင်မစမီ မိနစ်နှစ်ဆယ်ရှိသေးသောကြောင့် သူမသည်အလုပ်အတွက် အရင်ဖုန်းခေါ်ကာ အစီရင်ခံရန် ဆုံးဖြတ်ခဲ့သည်။
ဖုန်းနှစ်ကောခေါ်ဖို့ အချိန်ရှိမယ်လို့ထင်ပါတယ်။
ပထမဆုံး သူမဖုန်းခေါ်ခဲ့တာက မစ္စတာဘိုင်ရဲ့ အငယ်အနှောင်းပါ။ သူမသည် မှန်ကန်သော ငွေပမာဏကို ပို့စေရန် ဘိုင်ကျိုးနှင့် ယခင်တွေ့ဆုံမှုများအား အကြမ်းဖျင်း အစီရင်ခံခဲ့သည်။