အခန်း၂၁၈

376 56 1
                                    

"လွန်ခဲ့တဲ့ နှစ်ရက်က ငါရုပ်ရှင်မြို့တော်ကို သွားခဲ့တယ်။ စန်းရှန်းရန်က လောလောဆယ် အဲ့ဒီမှာ ရုပ်ရှင်ရိုက်နေတယ်လို့ ကြားတယ်။" ကျီဖန်ယင်းက ကြုံရာကျပန်း နေ့စဉ်အကြောင်းအရာများကို ပြောနေသကဲ့သို့ "ငါအဲ့မှာ ရုပ်ရှင်တစ်ကားရိုက်​နေတာ သိတယ်မလား"

"..."

"​စန်းရှန်းရန်က ငါ့ဆီ ချဉ်းကပ်လာဖူးတယ်ဆိုတာလည်း နင်သိတယ်မလား။" ကျီဖန်ယင်းက ရွှင်မြူးသောအသံဖြင့် "ဒါပေမယ့် ဘာလို့လဲဆိုတာ သိလား"

ကျီရှင်းရှင်းသည် နောက်ဆုံးတွင် သူမ၏ တိတ်ဆိတ်​နေခဲ့မှုကို ဖြိုခွင်းလိုက်သည်။ သူမသည် အထင်အမြင်သေးစွာ လှောင်ပြောင်သည် "နင်ကမှ ငွေကြောင့် သူ့ဆီ အရင်ချဉ်းကပ်တာမဟုတ်ဘူးလား။ သူက နင့်ကိုငြင်းခဲ့တာလေ။"

"ဒါဆို သူကအဲ့လိုပြောခဲ့တာ​ပေါ့။" စန်းရှန်းရန်က ဇာတ်လမ်းတစ်ဝက်လောက်သာ ပြောပြခဲ့တာကို ကျီဖန်ယင်းက မအံ့သြပေ။ "ငါ အဲ့အကြောင်းတွေကို မပြောတော့ဘူး နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေပဲ ပြောပြမယ်။ အင်း... နင်ပြင်သစ်ကို ပြန်ရောက်ပြီးမှ သူက နင့်ကို အကုန်ပြောပြခဲ့တာမလား။"

"..."

ကျီဖန်ယင်း တိုးတိုးလေး ရယ်လိုက်သည်။ "ဟုတ်တာပေါ့၊ သူနောက်ပိုင်းမှာ ငါ့ဆီ ထပ်ချဉ်းကပ်လာသေးတယ်။"

"..."

"ဘာလို့လဲလို့ မမေး​တော့ဘူးလား" ကျီဖန်ယင်းက ကျီရှင်းရှင်းကို အပျော်သဘောဖြင့် နှိုးဆော်လိုက်သည်။

"သူဘာလို့ နင့်ဆီ ချဉ်းကပ်​လာတာလဲ" ကျီရှင်းရှင်းသည် အသံအက်အက်ဖြင့် မေးလိုက်သည်။

"သေချာပေါက် နင့်ကြောင့်ပေါ့။" ကျီဖန်ယင်းသည် ခေတ္တရပ်လိုက်ပြီး "သူ့စကားနဲ့ဆို ဘယ်လိုပြောရမလဲ။ နင့်အတောင်ပံတွေချိုးပြီး လှောင်အိမ်ထဲမှာထည့်ဖို့ ငါ့အကူအညီကို လိုချင်တယ်။"

"အဲဒါကြောင့် နင့်ဆီချဉ်းကပ်တယ်ပေါ့။" ကျီရှင်းရှင်းက လှောင်ပြောင်လိုက်သည်၊ "ငါနင့်ကို မယုံဘူး။ သူငါ့ကို နင်နဲ့ စာချုပ်ချုပ်ခါနီးအခြေအနေထိတောင် ရောက်ခဲ့တဲ့အကြောင်းကို ပြောပြဖူးတယ်။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူ[Book 2]Where stories live. Discover now