အခန်း၂၁၃

493 63 0
                                    

ရုပ်ရှင်စတူဒီယို၏ အကြီးအကဲ သုံးဦးစလုံး ရောက်လာတာကြောင့် ရုပ်ရှင်အဖွဲ့သားများသည် အလုပ်ကို စောစီးစွာ အဆုံးသတ်ပြီး ပွဲလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျီဖန်ယင်းသည် ငွေရှင်းဖို့လုပ်ခဲ့ပေမဲ့ စားသောက်ဆိုင် မန်နေဂျာက ဟဲရှန်က ပေးပြီးပြီဟု ပြောခဲ့ပါသည်။

ထို့နောက် ဖုန်းကိုသိမ်းကာ အခန်းဆီသို့ ပြန်သွားလိုက်သည်။

ပွဲတွင် အရက်လည်းသောက်ရသည်။ သေချာပေါက် ကျီဖန်ယင်းသည် ချန်ယွမ်ရှန်းကို သူမအစား အရက်သောက်ခွင့်မပေးခဲ့ပေ... ဒါက လုံးဝ မလိုအပ်ပေမဲ့လည်း။

သူမသည် ကျန်းနင်နှင့် ဟဲရှန်တို့ကြားတွင် ညှပ်ခံထားရသောကြောင့် ဘယ်သူကမှ သူမထံ ချဉ်းကပ်ပြီး ရန် အရက်တိုက်ရန် သတ္တိမရှိပေ။

တစ်စုံတစ်ယောက်ရောက်လာခဲ့ရင်တောင် ကျန်းနင်က သူမအတွက် အရက်အစားလက်ဖက်ရည်ကို အသင့်ပြင်ထားပြီးသားပင်။

ကုမ္ပဏီညစာစားပွဲအပြီးတွင် ကျီဖန်ယင်းသည် လူနှစ်ယောက်ကို အိမ်သို့ ဘေးကင်းစွာ လိုက်ပို့ပေးရမည့် ဒရိုင်ဘာ ဖြစ်လာခဲ့သည်။ ကျန်းနင်၏ ပေါ်လွင်လွန်းနေသော ပန်းရောင်Maseratiကို မောင်းနှင်ရင်း သူမသည် စုန့်ရှီးယွီ၏ အိမ်ရာဝန်းဆီသို့ ဦးစွာ မောင်းကာ ဟဲရှန်ကိုပို့ပေးပြီးမှ ကျန်းနင်၏အိမ်သို့ သွားခဲ့သည်။

"ဘယ်အချိန်ပြောင်းမှာလဲ" အနည်းငယ်မူးနေပြီဖြစ်သော ကျန်းနင်က မေးသည်။ "နင်ဝယ်ထားတဲ့တိုက်ခန်းက ချက်ချင်းပြောင်းလို့ရပြီမလား။ အကူအညီလိုလား။ ငါတို့စတူဒီယိုကနေ 'လေ့ကျင့်ရေး'အ​ဖြစ် အခမဲ့အလုပ်သမားတွေပို့ပေးလို့ရတယ်။"

"ရပါတယ်၊ အိမ်ပြောင်းတဲ့ ကုမ္ပဏီတစ်ခုပဲ ငှားလိုက်ပါမယ်။" ကျီဖန်ယင်းက အဆင့်အတန်းမြင့်သော အိမ်ရာတစ်ခုသို့ မောင်းရင်း ပြန်လည်ဖြေကြားခဲ့သည်။ "ငါနောက်နှစ်ရက်လောက်ပဲအားမှာမလို့ ဒီအချိန်အတွင်း ပြီးအောင်လုပ်ရမှာ။"

"ကောင်းလိုက်တာ~ နင့်လိုနှစ်သစ်မှာ အလုပ်မရှိချင်လိုက်တာ..." ကျန်းနင်က မနာလိုစွာ သက်ပြင်းရှည်ချလိုက်ပြီး "ငါလည်း နားရက်လိုချင်တယ်..."

တစ်နာရီတစ်သိန်း အစားထိုးချစ်သူ[Book 2]Where stories live. Discover now