အခန်း၂၁၆

433 62 1
                                    

နှစ်သစ်ကူး၏နောက်ဆုံးရက်အနည်းငယ်တွင် ကျီဖန်ယင်းသည် အိမ်ပြောင်းကုမ္ပဏီတစ်ခုအား ခေါ်ကာ ဈေးအကြီးဆုံး ဂျပန်အရည်အသွေးဝန်ဆောင်မှုကို ရက်ရောစွာရွေးချယ်ခဲ့သည်။ အိမ်ဟောင်းရှိ ပစ္စည်းများကို ထုပ်ပိုးခြင်းမှစ၍ အိမ်သစ်တွင် ပြောင်းရွေ့ခြင်းအထိ၊ လုပ်ငန်းစဉ်တစ်​လျှောက်လုံးတွင် သူမသည် လက်တစ်ချောင်းကိုတောင် မြှောက်ရန် မလိုအပ်ခဲ့ပေ။ သူမသည် လုပ်စရာများကို ဘေးနားမှ စောင့်ကြည့်ပြီး အမိန့်သာပေးခဲ့သည်။

ချမ်းသာပြီး ပျင်းရိသူအတွက်တော့ ဒါဟာ ပြီးပြည့်စုံသည်။

ခြုံပြောရရင် သူမ အိမ်အသစ်ကို ပြောင်းရွေ့ရန်မှာ တစ်ရက်သာ လိုအပ်ခဲ့သည်။ ခရီးဆောင်အိတ်များကို သူမကိုယ်တိုင် ထုပ်ပိုးဖို့ မလိုအပ်တဲ့အထိကို စိတ်အေးလက်အေး ဖြစ်ခဲ့ရသည်။ သူမသည် တံခါးကို မျက်နှာစစ်​ဆေးသည့်စနစ်အား ပြောင်းလဲရန် တစ်စုံတစ်ဦးအား ဖုန်းဆက်ရန်ပင် အချိန်ရခဲ့သည်။

ဒီလိုနဲ့ သူမဟာ တရုတ်နှစ်သစ်ကူးအတွက် ပြင်ဆင်မှုများ စတင်ခဲ့ပါတယ်။

သူမသည် နှစ်သစ်ကူးသန့်ရှင်းရေးကို အရင်လုပ်ပြီးနောက် ရေခဲသေတ္တာကိုဖြည့်ရန် အပြင်ထွက်သည်။ တရုတ်နှစ်သစ်ကူး ပွဲတော်အတွက် သူမရဲ့ ရည်မှန်းချက်ကတော့ တတ်နိုင်သလောက် အိမ်တွင်းပုန်းနေဖို့ပါပဲ။

သူမ၏ ယွမ်သန်းသုံးဆယ် ကျောင်းသားနှင့် ယွမ်သန်းနှစ်ဆယ်ကျောင်းသားတို့ သူမကို ခေါ်ဆိုခြင်းမှလွဲ၍ သူမသည် စီးပွားရေးနှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ မစဉ်းစားရန် စိတ်ထဲတွင် တေးထားခဲ့သည်။

ကျီဖန်ယင်းနှင့် ဟဲရှန်တို့သည် ရုပ်ရှင်ကြည့်ချိန်များကို ဖလှယ်ခဲ့ကြပြီး ဒီနားရက်အတွက် ကြိုတင်ပြင်ဆင်ရာတွင် သိမ်းဆည်းထားသော မကြည့်ရသေးသည့် ဇာတ်ကားဟောင်းများ အများအပြားကို ထုတ်လာခဲ့သည်။

ချစ်သူများနေ့၊ အဲဒါဘာကြီးလဲ။

တရုတ်နှစ်သစ်ကူး သုံးရက်မြောက်နေ့မှာ ကျီဖန်ယင်းဟာ ဧည့်ခန်းထဲတွင် အပူပေးစက်ကို ဖွင့်ပြီးနောက် ဆိုဖာပေါ်တွင် အေးအေးဆေးဆေး လှဲအိပ်လိုက်သည်။ သူမသည် 'အချစ်၏ကြီးမြတ်မှု' ဟူ​သော ရုပ်ရှင်ကိုကြည့်ရင်း သက်​တောင့်သက်သာရှိစွာ ခေါင်းတညိတ်ညိတ်ဖြစ်နေသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူ[Book 2]Where stories live. Discover now