အခန်း၂၁၀

537 62 0
                                    

သရုပ်ဆောင်များအတွက်နားနေခန်းသည် အတော်အလှမ်းဝေးသည့်အတွက် သူတို့နှစ်ယောက်သည် သွားရင်း စကားစမြည်ပြောဖြစ်ကြသည်။

"အစ်မတို့စတူဒီယိုက ဟူပြန့်တက္ကသိုလ်မှာ လူသစ်စုဆောင်း​ရေးလုပ်ခဲ့တယ်လို့ ကျန်းနင်ဆီက ကြားခဲ့ပေမဲ့ မင်းလည်းပါမယ်လို့ ထင်မထားဘူး။" ကျီဖန်ယင်းသည် အစောပိုင်းက ကျန်းနင်နှင့် သူမပြောခဲ့သော စကားဝိုင်းကို ပြန်ပြောပြသည်။ "မင်းက ဂီတဌာနကလို့ တစ်ခါမှ မပြောဖူးဘူးနော်။"

"အဲ့လောက်ထိတော့ အဟုတ်ပါဘူး..." ချန်ယွမ်ရှန်း နှုတ်​ခမ်းကို ပွတ်​သပ်​လိုက်​သည်​။ "ကျွန်​တော်တို့စတွေ့တုန်းက အစ်မ​ ဆော့​နေတဲ့ဂိမ်းကို မှတ်မိလား"

"အစ်မ အခုထိ ​ဆော့နေတုန်းပဲ" ကျီဖန်ယင်းက ပြန်ဖြေသည်။

အဲဒါက ချန်ယွမ်ရှန်းနှင့် သူမရဲ့ စကားဝိုင်းကို ဆက်ရန် တွန်းအားဖြစ်စေခဲ့တယ်။

"အဲ့ဂိမ်းကို ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း ပူးပေါင်း​ပြီးတည်ထောင်ထားတဲ့ စတူဒီယိုက ဖန်တီးထားတာ။" ချန်ယွမ်ရှန်းက ထိုအကြောင်းကို ပြောရင်း အနည်းငယ်ရှက်​နေ​ပုံရသည်။ "ဆော့တဲ့လူတော့ အများကြီးမရှိပေမဲ့ အဲ့ထဲကသီချင်းနဲ့ အသံတွေကို ကျွန်တော်ကိုယ်တိုင် လုပ်ထားတာလေ။ အဲဒါကြောင့် ကျွန်တော် ချက်ချင်းသတိထားမိသွားတာ။ အဲ့တုန်းက ကျွန်တော် အဲ့ဂိမ်းဆော့တတ်တယ်လို့ ပြောတုန်းက လိမ်တာမဟုတ်ဘူး။"

ဂိမ်းက တကယ်ကို ကောင်းကောင်း ဖန်တီးထားတာပင်။ ထိူဂိမ်းသည် အသေးစားထုတ်လုပ်ရေးတစ်ခုဖြစ်ကြောင်းမှာ ထင်ရှားသော်လည်း conceptနှင့် တေးဂီတသည် ကိုယ်ပိုင်ထူးခြားသောပုံစံရှိသည်။

ကျီဖန်ယင်းသည် သူတို့၏စတူဒီယိုတွင် ရင်းနှီးမြှုပ်နှံရန်ကို စိတ်အားထက်သန်စွာ စဉ်းစားခဲ့သည်။ "ဂိမ်းအတွက် ဂီတလုပ်တာကလည်း မဆိုးပါဘူး။"

"ကျွန်​တော် နှစ်ခုလုံးကို တပြိုင်နက် လုပ်နိုင်တယ်။" သူကျွမ်းကျင်သောနယ်ပယ်အကြောင်းပြောနေချိန်တွင် ချန်ယွမ်ရှန်း၏မျက်လုံးများသည် တောက်ပနေခဲ့သည်။ "အစ်မလို ကျွန်တော်လည်း ကိုယ်ပိုင်စတူဒီယိုကို ထူထောင်နိုင်ချင်တယ်။ ကျွန်တော့်နာမည်ဂုဏ်သတင်းကို တည်ဆောက်ပြီးတာနဲ့ အစ်မ ရုပ်ရှင်တွေရဲ့ သီးသန့်တေးရေးဆရာလုပ်ပေးမယ်။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူ[Book 2]Where stories live. Discover now