2

408 48 10
                                    


** ညနေစောင်း Yurina တို့အိမ်ကိုပဲ Hyojoo တို့သားအမိလည်းလိုက်သွားလိုက်တယ် အိမ်ရှေ့ကနေ Sodaတစ်ယောက်ကတော့ ထွက်ကြိုစောင့်နေပါလျှက်**

" Yurina ရေ ကြာလိုက်တာ ငါမှာ အိမ်ဝန်ထမ်းတွေနဲ့အတူထမင်းဝိုင်းတောင်ပြင်ပြီးနေပြီ"

"Hyojoo ရေ နင်တို့တွေလည်းနော် ငါတို့ကိုတောင်ပစ်ထားရက်တယ်နော်"

"မဟုတ်ပါဘူး sodaရယ်......"

"လာလာ... အိမ်ထဲဝင်ကြ"

**ဧည့်ခန်းထဲ စကားအရင်စပြောနေကြရင်း**

"ဒါနင့်သားလေးလား Hyojoo"

"ဟုတ်ကဲ့ uncle သားနာမည်က Doyoung လို့ခေါ်ပါတယ်"

"Bunရဲ့သားက ငါ့သားလေးပဲမို့ Doyoung ကလည်း ငါသားပဲနော် Hyojoo...."

"အေးပါsodaရယ်😅"

"ဒါနဲ့ Bumက ဘယ်လိုဖြစ်ရတာလည်းဟယ်"

" 2015တုန်းက Accidentအသေးစားတစ်ခုဖြစ်ရင်း နှလုံးအမောဖောက်ပြီး ဆုံးသွားတာ ငါလည်းbumဆုံးပြီးထဲက bunရဲ့ အရိုးပြာအိုးနဲ့အတူ သားအမိနှစ်ယောက် ထိုင်းကနေ ဘူချွန်းကို ပြန်ပြောင်းပြီပဲ နေလိုက်ပါတော့တယ် yurina...."

" Bumမှာမွေးရာပါ နှလုံးအားနည်းတဲ့ရောဂါရှိမှန်း အဲ့အချိန်ကျမှ သိလိုက်ရတာလေ ငါကညံ့တာပါ ကိုယ့်ခင်ပွန်းတစ်ယောက်လုံးရဲ့ ကျန်းမာရေးတောင် မသိလိုက်ရဘူးလေ ငါတစ်ယောက်တည်း သားလေးကို 5နှစ်လောက် ပြုစုစောင့်ရှောက်လိုက်ရတယ်လေ အခုတော့ သားလေးလည်းအရွယ်ရောက်လာပါပြီ"

" Hyojoo ရေ အခုတော့ doyoung လေးကို နင်တစ်ယောက်ထဲစောင့်ရှောက်ရမှာမဟုတ်တော့ပါဘူး ငါတို့လင်မယားနှစ်ယောက်လည်း ရှိနေပြီမလား စိတ်မပူပါနဲ့တော့"

" ကဲ ...နာကျင်ရမယ့် အတိတ်ကိုပြန်မသွားကြရအောင် Hyojoo တို့အတွက် နားဖို့ အခန်းရော ပြင်ထားပြီးပြီ အားလုံး Ready ပဲမို့ သွားနားကြတော့"

"ဒါဆို ရေချိုးသန့်စင်ပြီးတော့ ညစာ စားမယ်လေ"

ဒါဆို ငါတို့ ရေအရင်ချိုးလိုက်ဦးမယ် Yurina!"

" သွားချိုး သွားချိုး"

***အားလုံး ညစာ ထမင်းစားသောက်နေတဲ့အချိန် အိမ်ရှေ့မှကားသံကြားလိုက်ရတော့***

Fell In Love (Complete) ✅Where stories live. Discover now