10

305 32 28
                                    

                                    
*Doyoung  သတိပြန်ရတော့ လူနာ ကုတင် ဘေးမှာ Yedam စောင့်နေတာ တွေ့လိုက်ရတယ်*

"မင်း သတိရလာပြီလား ရေသောက်မလား"

"ငါ ဘယ်နေ့ရက်လောက် သတိမေ့နေတာလည်း "

" 3ရက် !!! ဓားထိတာ အရမ်းကြီး မနက်လို့တော်သေးတာပေါ့ အခုတော့ မင်း ဘာမှ စိုးရိမ်စရာ အခြေအနေမဟုတ်တော့ဘူးတဲ့"

" အင်း..... မင်း ဘယ်လိုလို့ သိတာလည်း"

" မင်းအမေ လှမ်းပြီးဆက်သွယ်တာ အန်တီတို့က မနက်ဖြန် ပြန်လာကြမှာတဲ့ "

" စောင့်ပေးလို့ ကျေးဇူးပါ သူငယ်ချင်းကြီးရာ"

"ငါတစ်ယောက်ထဲ စောင့်ပေးတာတော့ မဟုတ်ပါဘူး Harutoနဲ့ သူ့အကို လည်း လာလာစောင့်ပေးတယ်လေ"

" ကျန်တဲ့ ဘယ်သူတွေ လာသေးလည်းဟင်"

" မလာဘူးလေ အာ............ junkyu senior တော့ နေ့တိုင်း ခဏလေး လာလာကြည့်ပေးတတ်ပါတယ်"

"aww ...."
(တိုးလျှသော အသံနဲ့ တီးတိုးရယ်ရွတ်လိုက်ခြင်းသာ)

" ဘာလို့လဲ မင်းဘယ်သူ့ကို တွေ့ချင်လို့လည်း"

"ဟင့်အင်း ဒီတိုင်းပါပဲ"

" မင်းခဏလေး နေဦး ငါ ဆရာဝန်သွားခေါ်ပေးမယ်"

" အင်း"

***Yedam အခန်းထဲကနေထွက်သွားပြီး Doyoung တစ်ယောက် ဘယ်သူမှဝင်မလာတဲ့ အခန်းတံခါးဘက်တစ်ချက်ကြည့်လိုက်ရင်း သက်ပျင်းသာ ချလိုက်မိတယ်***

" ဟင်းးးးးးးးးးးးး"
(ငါဆီ စိတ်ပူတဲ့ပုံစံနဲ့အပြေးရောက်လာခဲ့ပြီးတော့ အခုကျ ဘေးမှာရှိနေမပေးဘူး လာတောင်မကြည့်ဘူးထင်တယ်)

***အခန်းအပြင်ဘက် ထွက်လာတဲ့ Yedam ဟာ ဆရာဝန်ဆီ သွားနေတဲ့ လမ်းမှာပဲ***

📞 hello Doyoung ပြန်သတိရလာပြီ မင်းလာမှာလား
📞ဘာလို့ မလာတာလည်း သူမင်းကို တွေ့ချင်လို့ မေးချင်နေတာထင်တယ် Doyoung အကြောင်းကို ငါကောင်းကောင်းသိတယ် သူ မင်းကို မြင်ချင်နေတယ်
📞မင်းလာတော့ တွေ့မယ်မလား

***တစ်အောင့်အကြာ ဆရာဝန်နဲ့အတူ Yedam ရောက်လာပြီး ဆေးစစ်ပြီးတာနဲ့ တိုင်ပင်စရာရှိတာတိုင်ပင်မလို့ဆိုပြီး အပြင်ပြန်ထွက်သွားပြန်တယ်***

Fell In Love (Complete) ✅Where stories live. Discover now