"ဒီနေ့လေးက နေသာပြီး ပိုလှနေသလိုသလိုပဲနော် သားလေး""မာမီက daddyရဲ့ ဇာတိ အဲ့တောင်ပေါ် ဦးလေးရဲ့ ပြာအိုးကြီးရော၊ daddy ရဲ့ ပြာအိုးကြီးကိုလည်း သယ်ပြီးတော့ ဘာသွားလုပ်မလို့လည်း"
"ဟိုရောက်ရင် သိမှာပေါ့သားရယ်"
**ဟုတ်ပါတယ် အသက်၆၅နှစ်အရွယ် So Inhwan ဆိုသူ အမျိုးသမီးကြီးဟာ သူရဲ့ ရင်နှစ်အမျှ ချစ်ရတဲ့ အမျိုးသားနှစ်ယောက်ရဲ့ ပြာအိုး ၂လုံးကို ရင်ထဲပိုက်ပြီး ပြုံးပြုံးကြီးလိုက်လာခဲ့လေတယ်**
"သားရေ မေမေကို ပန်းဥယျာဉ်ဆိုင်နားကျ ခဏရပ်ပေးဦးနော် "
"ဟုတ်ကဲ့ပါ မာမီ"
"အော် သမီးရေ မေမေကို ပန်းဆိုင်ကျရင် ပန်းကူရွေးပေးဦးနော်"
"သမီးရဲ့ မာမီက အရမ်းတွေ တတ်ကြွနေပါလား"
"မာမီ အရမ်းတွေ သိသာနေတာလား"
"ဒါပေါ့ မာမီရဲ့"
***ပန်းဆိုင်ထဲ ရောက်တော့ Inhwan ဟာ အရောင်အဆင်းနဲ့ပြည့်စုံတဲ့ ပန်းပင်တွေထက် အရိပ်အာဝါသကောင်းနိုင်လောက်မယ့် ပန်းပင်မျိုးစိပ်ကို ရွေးချယ်ခဲ့လို့ ကလေးနှစ်ယောက်စလုံး အံဩနေခဲ့ရပြန်တယ်***
"မာမီကလေ တကယ် အံဩစရာကြီးပါ"
"ဟုတ်ပ"
"ကဲ ဘာမှ မပြောနဲ့ တော့ သွားစရာရှိတာဆက်သွားကြမယ်"
"ကဲ မာမီပြောတဲ့ တည်နေရာကိုတော့ ရောက်ပါပြီ ဘယ်ကိုဆက်သွားရမလည်းပြောပြပါဦး"
***ဘူချွန်းပြည်နယ်ရှိ ကုန်းမြင့်ပိုင်း တောင်ကုန်းလေးတစ်ခုဆီကို Inhwan တို့ သားအမိ သုံးယောက်တတ်သွားလေတယ်***
YOU ARE READING
Fell In Love (Complete) ✅
Fanfiction"တန်ဖိုးမဖြတ်နိုင်တဲ့ အပင်မျိုးစေ့တွေဟာ တန်ဖိုးထားပြုစုပေးတတ်တဲ့ ဥယျာဉ်မှူးနဲ့တွေ့မှ တင့်တယ်ပြီး လှပတဲ့ ပန်းပင်ဖြစ်လာမှာပါ" Treasure fanfic လေးတစ်ခုအဖြစ် ဖန်တီးမှာပါ My first fiction Fic started on 22.11.2022 End date 20.3.2023