*ဘာလိုလိုနဲ့ ပထမနှစ်စာမေးပွဲပြီးလို့ နှစ်လလောက် ကျောင်းပိတ်ရက်ရောက်ပြီ **Doyoung တစ်ယောက်ကတော့ စာသင်ပေးနေတဲ့ သင်တန်းကျောင်းလေးကို ဇာတိခဏပြန်မှာမို့ ခွင့်တောင်းဖို့အတွက် သင်တန်းကျောင်းသွားလေရက်*
*Hyojoo တစ်ယောက်သူရဲ့ သားလေး doyoung ကို လာခေါ်ဖို့ Sodaအိမ်ကို ရောက်နှင့်လေပြီ*
" Soda နင်တို့ ဟိုတစ်လောက Japan company မှာ အရေးပေါ် ဖြစ်သွားလို့ဆို အခုရော အဆင်ပြေပြီလား"
" မပြေသေးပါဘူး Hyojooရယ် companyရဲ့ ငွေကြေးပမာဏ ဆိုင်ရာ ကိစ္စတွေ ဖြေရှင်းဖို့ အစအဆုံးကိုသေချာပြန်စစ်ဆေးဖို့ကို စိတ်ချရတဲ့ လုပ်ငန်းကျွမ်းကျင် စားရင်းစစ်အဖွဲ့ကို ရှာနေရတယ်လေ"
* Soda တစ်ယောက် ပြောနေရင်း သူငယ်ချင်းဖြစ်သူ Hyojoo ကို အသနားခံနေသော မျက်နှာအမူအရာလေးနဲ့ ကြည့်နေ၏*
" အမလေး အမလေး ရုပ်ကို လုပ်နေတဲ့ပုံက ဟဲ့ Yurina နား နင့်ယောက်င်္ကျား လုပ်နေတဲ့ ပုံကိုလည်း ကြည့်ပါဦး"
(ဆိုပြီး Yurina ဘက်ကို လှည့်အပြော)
*Yurina ကိုယ်တိုင်ကိုက အသနားခံတဲ့ မျက်နှာနဲ့ သူငယ်ချင်းဖြစ်သူကို ကြည့်နေပြန်တော့*
" ကဲ ငါက ဘာကို ကူညီပေးရမလည်း ပြော လင်မယားနှစ်ယောက်စလုံး လုပ်နေတဲ့ ပုံတွေက အမြင်ကပ်စရာတွေ"
" Japanကို ငါတို့နဲ့ ခဏလောက် လိုက်ခဲ့ပြီး companyကို တစ်ချက်လောက် စာရင်းစစ်ပေးပါလား Korea companyရုံးခွဲကိုပါ အစအဆုံး စာရင်းတွေပြန်စစ်ကြည့်ချင်တယ်"
" ငါတို့မှာ အားကိုးစရာ လူရင်းဆိုလို့ နင်ပဲရှိတာမလား နင်ရဲ့ ကျွမ်းကျင်လှတဲ့ အရည်အချင်းတွေက ဂျပန်မှာရော ကိုရီးယားမှာပါ အသိအမှတ်ပြု လတ်မှတ်ကိုင်ဆောင်ထားတာမလား ဒီကြားထဲ နိုင်ငံတစ်ကာလက်မှတ်တွေကလည်း အများကြီး ရှိတဲ့ အထက်တန်းဆင့် စီးပွားရေး အကြံပေးတစ်ယောက်လေ ဟုတ်တယ်မလား soda"
"အေးလေ"
"အမလေးဟယ် ငါလေပေါ်တွေ ပျံဝဲနေပါပြီ အဲဒါဆို ဒီလိုလုပ် ငါ သားလေးကို ပြန်ပို့ပေးလိုက်ဦးမယ် ပြီးရင် နင်တို့နဲ့ ဂျပန်လိုက်ခဲ့ပေးမယ် ငါရဲ့ စာရင်းစစ် group team ကိုတော့ နင်တို့ Japan company ဆီ အရင်လွှတ်ပြီး ပြင်ဆင်စရာရှိတာပြင်ဆင်ခိုင်းထားလိုက်မယ်"
![](https://img.wattpad.com/cover/327354748-288-k202409.jpg)
YOU ARE READING
Fell In Love (Complete) ✅
Fanfiction"တန်ဖိုးမဖြတ်နိုင်တဲ့ အပင်မျိုးစေ့တွေဟာ တန်ဖိုးထားပြုစုပေးတတ်တဲ့ ဥယျာဉ်မှူးနဲ့တွေ့မှ တင့်တယ်ပြီး လှပတဲ့ ပန်းပင်ဖြစ်လာမှာပါ" Treasure fanfic လေးတစ်ခုအဖြစ် ဖန်တီးမှာပါ My first fiction Fic started on 22.11.2022 End date 20.3.2023