18(Final)

520 40 38
                                    


****ရာသီတွေ အလီလီပြောင်းလဲလာပြီ ရွတ်ဟောင်းကြွေ ရွတ်သစ်တွေ ပြန်ဖူးပွင့်လာပြန်တယ်...သက်ရှိ သတ္တုဝါတိုင်းဟာလည်း သွားလာလှုပ်ရှားနေရင်းကနေပဲ ကြီးပြင်းလာကြလေပြီ........****

****လှုပ်ရှား သွားလာနေတဲ့ လူသားတွေကြားထဲ အသက် 40 လူလတ်ပိုင်းအရွယ် ယောကျာ်း နှစ်ယောက်လည်း အပါအဝင်ပေါ့****

***အသက်24နှစ်အရွယ်မှာ မောင်ကတော့ ကိုရီးယားမှာပဲ ကျောင်းပြီသွားပြီ ကျွန်တော်က မပြီးသေးတော့ ဆေးကျောင်းကို UKမှာပဲ ဆက်တတ်ဖြစ်ခဲ့တယ်... မောင်ကတော့ UKမှာ အလုပ်အတွေ့အကြုံတွေယူရင်း ကျွန်တော်ဘေးမှာ အတူတူနေပေးခဲ့တယ်လေ***

***နောက်တော့ Haruto က ကိုယ်ပိုင်ဆေးရုံလေးတစ်ခုဖွင့်ဖို့ဆိုပြီး ကျွန်တော့်ကိုလှမ်းခေါ်တယ်လေ အဲ့အချိန်က UKမှာ စိတ်ရောဂါ Professor အနေနဲ့ အလုပ်စဝင်နေပြီလေ***

***ကျွန်တော် ကိုယ်တိုင်ကလည်း ကိုရီးယားမှာပဲ ပြန်အခြေချချင်ခဲ့တယ် မောင်ကလည်း ကျွန်တော် ဆန္ဒအတိုင်း ကိုရီးယားကို ပြန်လိုက်လာခဲ့တယ်***

----------------------------

***ပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ခုလုံးက ကျွန်တော်နဲ့မောင်ကို ကြည့်ပြီး တော်တော်အံဩနေကြမယ်ထင်တယ် ကျွန်တော်တို့ အတူတူရှိခဲ့ကြတာလည်း 16နှစ်ရှိနေပြီလေ ချစ်သူသက်တမ်းပါပေါင်းလိုက်ရင် အနှစ်20လောက်ရှိပြီထင်ပါတယ်***

**အသက်40အရွယ်တန်းကို ရောက်နေပြီဖြစ်တဲ့ ကျွန်တော်တို့ နှစ်ယောက်မှာ မောင်က အရမ်း လူကြီးဆန်ဆန် ကြီးပြင်းလာခဲ့ပေမယ့် ကျွန်တော်ကတော့ မောင် ကို အခု အသက်အရွယ်ထိတိုင်‌အောင် မြင်နေတွေ့နေရရင်ကို ရင်ခုန်နေမိတုန်း မောင့် ဘေးနားမှာနေရရင် ရှက်စိတ်တွေဖြာမိနေတုန်းလေ**

"မောင်! ပြန်လာပြီလား"

"အင်း မောင် ပြန်လာပါပြီ"

"မောင် နော် အခုနောက်ပိုင်း နိုင်ငံခြားကို အရမ်းသွားနေတာပဲ ဘာလည်း ဟိုမှာ young အပြင် ဘယ်သူရှိနေလို့လည်း"

"ဟာ young ကလည်းကွာ စကားပြောတဲ့ပုံစံက.... "

"မဟုတ်ပါဘူး young က မောင့်ကို အရမ်းလွမ်းနေလို့လေ မောင့်ရဲ့"

Fell In Love (Complete) ✅Where stories live. Discover now