12

250 30 37
                                    


2010ခုနစ်၊ဂျပန်နိုင်ငံရဲ့၊ပင်လယ်တစ်နေရာမှာ ...........
(အသက်9နှစ်အရွယ်ကလေးငယ်နှစ်ယောက်ရဲ့ တွေ့ဆုံခြင်းအစ)

" ငါကောက်ထားတဲ့ ခရုကို မင်းလုယူလို့မရဘူးလေကွာ"

" ဒီပင်လယ်က ငါ့အဘိုးပိုင်လို့ ဒီအရာတွေလည်း ငါပိုင်တာပဲ"

" ဗြဲ! ဗြဲ! ဒါပေမယ့် ခရုက ငါရှာထားတာကို ဟင့် ! ဟင့်!......."

" ဟင် မင်းငိုနေတာလား မငိုပါနဲ့ ငါက ခဏပဲ ကြည့်တာပါ ရော့ မင်းပြန်ယူပါ ငိုပါနဲ့ တိတ်တော့နော် တိတ်တော့နော်"

" အင်း ငိုတော့ဘူး! "

"မင်းက ဒီမှာနေတာလား"

"ဒီဟိုတယ်နားမှာပဲ "

"aww......"

"မင်းလည်း ဒီကပဲလား..."

" ဟုတ်ဘူး ငါက ကိုရီးယားမှာနေတာ ဒီက ဘိုးဘိုးနဲ့ဘွားဘွားဆီ အလည်လာတာ မင်းကိုရီးယားကိုသိလား"

" ဟင့်အင်း ငါတို့အိမ်မှာ ကြည့်လို့ရတဲ့အပြားကြီးမရှိဘူးလေ" (tvကိုပြောတာပါနော်🙏)

" မင်းမိဘတွေကို ဝယ်ခိုင်းလိုက်လေ"

" ဝယ်နိုင်မှာ ဟုတ်ဘူး "

" ငါက ကြီးလာရင် ဝယ်ပေးမယ် မင်းကိုလည်းဟိုကို အလည်ခေါ်သွားပေးမယ် ဟိုမှာ ငါ့သူငယ်ချင်း 3ယောက်တောင်ရှိတယ် မိတ်ဆက်ပေးမယ် "

" ငါ သွားလို့ရမှာ ဟုတ်ဘူး ညီလေးရှိတယ် သူ့ကို ထိန်းရဦးမှာ "

" မင်းညီလေးပါ ခေါ်မှာပေါ့ကွ"

" တကယ်လား ကတိနော်" (လက်သန်းလေးပြရင်း)

" အင်း ငါကတိပေးပါတယ် မင်းက ချစ်ဖို့ကောင်းတယ် ငါတို့ သူငယ်ချင်းလုပ်ကြရအောင် လုပ်မယ်မလား"

"ဟင့်အင်း"

" ဘာလို့လဲ....."

" မေမေကပြောတယ် မင်းတို့လို တောက်ပနေတဲ့သူတွေနဲ့ အတူတူရှိမနေရဘူးတဲ့ "

" ဒါဆို ငါ့ရဲ့ အပေါ် အင်္ကျီကို ချွတ်လိုက်ပြီး သဲတွေနဲသုတ်လိုက်ရင် မင်းနဲ့အတူတူဖြစ်သွားပြီလေ ကဲ ငါတို့ ဆော့ကြရအောင် "

" အင်း.......😁"

***အပူအပင်ကင်းတဲ့ ကလေးနှစ်ယောက်ရဲ့ ပျော်ရွင်စွာ ကစားနေတဲ့အချိန်လေးဟာ ကမ္ဘာကြီးလည်နေချိန်တောင် ခေတ္တခဏတာ ရပ်တန့်သွားသလိုပဲ***

Fell In Love (Complete) ✅Where stories live. Discover now