*ဒီနေ့ ကျောင်းပိတ်ရက်မို့ အိမ်မှာပဲ နေဖို့စဉ်းစား နေတဲ့ Doyoung တစ်ယောက် Soda အန်ကယ်ရဲ့ အပြင်ထွက်လည်ဆိုတဲ့ စကားကြောင့် Club Barတစ်ခုကို Haruto နဲ့အတူတူ မအူမလည် ရောက်လာရပြန်တယ်**Doyoung အတွက် ဒါဟာ ပထမဦးဆုံး Barကိုရောက်ဖူးတာမို့ နည်းနည်းတော့ကြောက်နေမိတယ်*
Doyoung အသားလေးတွေတုန်တုန်ပြီးကြောက်နေတာကို Haruto တစ်ချက်ကြည့်ရင်း မဲ့ပြုံး ပြုံးလိုက်မိတယ်*
" မင်းဒီကို မလာဖူးဘူးဆိုလည်း မလိုက်လာနဲ့လေ အခုမှ ကြောက်သလိုလို မအူမလည်လုပ်နေပြန်ပြီ"
"Ruto မင်း ဒီကိုလာမယ်လို့ မထင်ထားလို့ လိုက်လာမိတာလေ"
*Haruto တစ်ယောက် ဘာမှတော့ မပြောတော့ပဲ သီးသန့်ခန်းတစ်ခန်းသာ ဌားပြီးပဲ နေဖို့စိတ်ကူးလိုက်တော့တယ်*
" မင်းအခန်းထဲစားချင်တာ မှာသာစားလိုက် ငါသွားပျော်လိုက်ဦးမယ် bye...."
" အင်း ...."
(စားချင်တာတွေကို တစ်ခုပြီးတစ်ခုမှာစားလိုက် ဝိုင်တစ်ခွက်ပြီးတစ်ခွက်သောက်လိုက်နဲ့ doyoung တစ်ယောက်အဆင်တွေကို ပြေနေလျှက် ဝိုင်သောက်နေတာ များလာလို့ထင်တယ် ပါးလေးတွေက ရဲရဲတတ်လာတယ်လေ)*ဒါကို မှန်အခန်းအပြင်ဘက် က ကောင်လေးငယ်တစ်ယောက်ကတော့ ပြုံး၍သာကြည့်နေမိလိုက်တယ်*
*တခြား အခန်းတစ်ခုထဲမှာရှိနေတဲ့ Haruto ဟာတော့ ဖြစ်ချင်တိုင်းကိုဖြစ်နေပြီး ပျော်နေလေရက်*
*Haruto ကိုကြည့်ပြီးတော့ Ruto မင်းဟာလေ ဘယ်တော့မှရင့်ကျက်တည်ငြိမ်ပါ့မလဲ ငါမင်းအစား ရင်မောရတယ် လို့သာ ထောင့်အကွယ်ကနေ ကောင်လေးငယ် တစ်ယောက်က တိတ်တိတ်ကလေး သက်ပျင်းချလိုက်တယ် ဟူးးးးးးးး*
*Haruto ရယ် Soda ဆီကနေ ရှားရှားပါးပါး သွားဖို့ခွင့်ပြုချက်ရလိုက်တော့ ဘယ်လောက်အမူးတွေသောက်ပြီး ပျော်နေသလဲဆို သူကိုယ်သူတောင် အနိုင်နိုင်သယ်ရဖို့ တောင်ဖြစ်နေပြီမို့ Doyoung ကို အိမ်ပြန်ခေါ်သွားဖို့ဆိုတာတော့ ဝေးစွ ဘာမှန်းတောင်မသိတော့*
*တကယ်တော့ Doyoung ကို ဒီလိုရပ်ဝန်းမျိုးနဲ့ ရင်းနှီးသင့်တဲ့အရွယ်မို့ Sodaဟာ သားဖြစ်သူ Ruto ကို ယုံကြည်ပြီး ခေါ်သွားဖို့ ပြောခြင်းသာ အခုတော့........*
YOU ARE READING
Fell In Love (Complete) ✅
Fanfic"တန်ဖိုးမဖြတ်နိုင်တဲ့ အပင်မျိုးစေ့တွေဟာ တန်ဖိုးထားပြုစုပေးတတ်တဲ့ ဥယျာဉ်မှူးနဲ့တွေ့မှ တင့်တယ်ပြီး လှပတဲ့ ပန်းပင်ဖြစ်လာမှာပါ" Treasure fanfic လေးတစ်ခုအဖြစ် ဖန်တီးမှာပါ My first fiction Fic started on 22.11.2022 End date 20.3.2023