*ပင်လယ်ခရီးသို့ ရောက်နှင့်လာရင်း yoshi တို့ ကားဟာ လမ်းမှာ ဝင်စရာလေးရှိလို့ ဆိုပြီးနောက်မှလိုက်လာလေရက် junghwan ကားနဲ့ haruto ကားသာ ဟိုတယ်ကို အရင်ဝင်လာလိုက်တယ်*Junghwan နီး!!!တို့ရောက်လာပြီပဲ (ဟိုတယ် ထဲက လူငယ်တစ်ယောက်ထွက်ကြိုရင်း စကားပြောနေခြင်းသာ)
" Goeun အကို ဘယ်တုန်းထဲက Korea ကို ပြန်ရောက်နေတာလည်း အခု ဟိုတည်ကို ဦးစီးနေတာလား ဟိုတုန်းကတော့ ဒီလာရင် အကို ကို့မတွေ့မိဘူးလေ"
"အင်း ruto ရေ အကိုထိုင်းမှာ ကျောင်းပြီးတာနဲ့ အဘိုးဆုံးတော့ တန်းပြီးပဲ ပြန်လာခဲ့လိုက်တာ အာ.......... ဧည့်သည်လည်းပါလာတာပဲ"
(Doyoung ကို ကြည့်လိုက်ရင်း)
" ဟုတ်ကဲ့ မင်္ဂလာပါ ကျွန်တော် Kim Doyoung ပါ"
" aww...အေး အေး အကို ကိုလည်း ruto တို့ junghwan လေးတို့ ခင်သလိုပဲ ခင်လို့ရပါတယ်နော် အခုနေမှာက ဘယ်လိုနေကြမှာလဲ "
" အခန်းတွေအများကြီးမသုံးရအောင် ကျွန်တော် နဲ့ Kim doyoung က တစ်ခန်းနေလိုက်မယ်လေ"
" ဟင်......ဘာလို့ အတူတူနေရ....."
(Doyoung စကားပြောနေတုန်း မဆုံးလိုက်သေးခင်မှာပဲ တစ်ယောက်ယောက်က ကြားဝင်ပြောလိုက်တယ်)
"ဟိုတယ် မှာ ဘန်ကလိုအဆောင် 100ကျော် ရှိတယ် တစ်ယောက် ဘန်ကလို တစ်ခုစီနဲ့အေးအေးဆေးဆေး နားလို့ရတယ် နဂိုတုန်းက မင်းလာရင်လည်း တစ်ယောက်ထဲပဲ နေလာတာမလား Haruto!!"
Junghwan တစ်ယောက် ဘယ်လိုမှ ငြိမ်ကြည့်မနေနိုင်တဲ့အဆုံး ruto စကားကို လှမ်းတားလိုက်လေတယ်
" တစ်ယောက်ချင်းစီ နေလို့ရရင်လည်း တစ်ယောက်ချင်းစီပဲနေကြမယ်လေ ပင်လယ်လေကို တစ်ဝကြီးရှုပြီး အေးအေးဆေးဆေး နားချင်လို့"
" ဘာလဲ ငါနဲ့နေရင် အေးဆေးဆေး မနားရဘူး အဲ့လိုလား kim Doyoung!!"
" ဟင် ....... အဲ့လိုသဘောမျိုးပြောတာ မဟုတ်ပါဘူး"
" ruto ရယ် မစပါနဲ့ ကဲ Doyoung ညီလေးအတွက် နေရမယ့်အဆောင်ကို ဝန်ထမ်း တစ်ယောက်လိုက်ပြပေးလိမ့်မယ် ruto ကတော့ သူလာရင် နေနေကျ အခန်းရှိတယ် အကိုက junghwan နဲ့အတူတူ အလုပ်သွားလုပ်ရမှာမို့လို့ လိုက်မပို့နိုင်တာပါ ညီလေး"
YOU ARE READING
Fell In Love (Complete) ✅
Fanfiction"တန်ဖိုးမဖြတ်နိုင်တဲ့ အပင်မျိုးစေ့တွေဟာ တန်ဖိုးထားပြုစုပေးတတ်တဲ့ ဥယျာဉ်မှူးနဲ့တွေ့မှ တင့်တယ်ပြီး လှပတဲ့ ပန်းပင်ဖြစ်လာမှာပါ" Treasure fanfic လေးတစ်ခုအဖြစ် ဖန်တီးမှာပါ My first fiction Fic started on 22.11.2022 End date 20.3.2023