5

312 41 14
                                    


*Doyoung တစ်ယောက် ကျောင်းထဲလမ်းလျှောက်လာရင်းနောက်နားကနေ လှမ်း ခေါ်သံကြားလိုက်ရတယ်*

Doyoung နား!!!

" Yedam! "

"ကျောင်းလေးမဖွင့်သေးခင် အတူတွေ့ကြရအောင်ဆိုတာကို မင်းလာမတွေ့ဘူး နေနိုင်လိုက်တာနော်"

" မဟုတ်ပါဘူးကွာ ငါလည်းမင်းကိုတွေ့ဖို့ပဲ လမ်းရှာနေတာပါ အန်ကယ်တို့အန်တီတို့က ငါကိုတစ်ယောက်ထဲအပြင်မထွက်ခိုင်းလို့ပါကွာ ငါ စာသင်ဝိုင်းတွေ စပြီးလိုက်သင်ပြီဆိုရင်တော့ မင်းနဲ့တွေ့ဖို့မခက်တော့ပါဘူး"

(Yedam ဆိုတာ doyoung ရဲ့ အချစ်ဆုံးသူငယ်ချင်းလေ တစ်ယောက် အိမ်အကြောင်း တစ်ယောက် အကုန်သိတဲ့ best friendတွေပါ ထိုင်းမှာထဲက damအဖေနဲ့ dodoအဖေနဲ့က company တူ လုပ်ဖော်ကိုင်ဖက်တွေလေ မွေးဖွားတဲ့နှစ်အတူတူမို့ ကျောင်းတတ်တော့လည်းအတူတူ အဖေဆုံးလို့သာ အမေနဲ့အတူ ဘူချွန်းကိုပြန်လာခဲ့ပေမယ့် အဆက်အသွယ်တော့မပြတ်ခဲ့ပေ)

"Yedam ရား ငါလေ မင်းကို ရင်ဖွင့်စရာတွေရှိတယ်ရယ်"

" အမလေး ငါလေးတော့ နားညီးခံရတော့မယ်"

"😠😠😠"

(Yedam ဆိုတာ ကျွန်တော်အတွက်တော့ ရင်ဖွင့်ချင်ရာရင်ဖွင့်တာကို မငြိုမငြင်နားထောင်ပေးတတ်တဲ့ အချစ်ဆုံးသူငယ်ချင်းပါ)

(Yedam က သူဝါသနာပါတဲ့ ဂီတက လွဲလို့တခြားဘာမှစိတ်ဝင်စားတယ်ဆိုတာမျိုးမရှိ အခုဆေးပညာသင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကလည်း သူ့အဖေနဲ့အပေးအယူလုပ်ပြီးသင်တာ သူရဲ့ ဂီတဝါသနာကို အေးအေးဆေးဆေး ခွင့်ပြုပေးရမယ်ဆိုတဲ့ အပေးအယူသဘော)

-----------------------------

*ကျောင်းသွားရတဲ့ မနက်ဖက်ဆို harutoဟာ လူရှင်းပြီးလူပြတ်တဲ့နေရာမှာပဲ ကျွန်တော်ကို ချချထာခဲ့ပြီး တစ်နေ့တစ်နေ့ ကောင်မလေးတစ်ယောက်ပြီးတစ်ယောက်ကိုသာ တင်ခေါ်သွားတယ် ပထမတုန်းကတော့ ကြောက်နေပေမယ့် harutoချပေးခဲ့တဲ့နေတွေဆို ခဏအကြာလေးမှာပဲ Hwan က ရောက်ရောက်လာတတ်တာမို့ ကျွန်တော်ကို ကျောင်းခေါ်ခေါ်သွားပေးတတ်တယ် ဒါဟာ တိုက်ဆိုင်မှုကြောင့်လား လုပ်ယူဖန်တီးထားတာလားဆိုတာကို ကျွန်တော်ကိုယ်တိုင်လည်းမမေးသလို Hwan ကိုယ်တိုင်ကလည်း မပြောဘူးလေ*

Fell In Love (Complete) ✅Where stories live. Discover now