*2011ခုနစ်၊အယုဒ္ဓယမြို့ဟောင်း၊ထိုင်းနိုင်ငံ............**မြို့တော်ဟောင်းရဲ့ လူရှင်းပြီး ကုန်းမြင့်လိုနေရာလေးတစ်နေရာလေးမှာ*
"ဟဲ့ နင်က junghwan အိုပါးနား ကပ်နေတဲ့ lee Naraမလား"
" ဟင်.......မဟုတ်ပါဘူး"
"လိမ်နေတာ ကိုယ့်အဆင့်ကိုယ်မသိပဲ သူ့ကိုယ်သူ သူငယ်ချင်းတဲ့လား ရယ်စရာ"
" ငါက နင်ပြောတဲ့ Nara မဟုတ်ပါဘူးဆို"
****အသက် ၁၁နှစ်အရွယ်လောက်ရှိမယ့် မိန်းကလေးနှစ်ယောက်ဟာ အယုဒ္ဓယမြို့တော်ဟောင်းရဲ့ လူသွားလူလာနည်းတဲ့ တောင်စောင်းလေးတစ်ခုမှာ စကားတွေအခြေအတင်ဖြစ်နေကြတဲ့အခြေအနေမှာ****
***မိန်းကလေးတစ်ယောက်ရဲ့ အမေလို့ထင်ရတဲ့ မိန်းမကြီးတစ်ယောက်ဟာ***
"သမီး ဘာဖြစ်လို့လည်း မေမေကို ပြော မေမေ အားလုံးဖြေရှင်းပေးမယ်"
"မေမေ သူလေ သမီးချစ်ရတဲ့အိုပါးကို ကပ်ဖားနေတဲ့ကောင်မလေ "
" ငါကနင်ပြောနေတဲ့ Nara မှ မဟုတ်တာ"
" မေမေ သမီးသူ့ကို ဒီလောကထဲ မမြင်ချင်ဘူး အရမ်းရှုပ်လို့"
" အဆင်ပြေစေရမယ် သမီးလေးရေ မေမေ အားလုံးလုပ်ပေးမှာမလို့ သမီးက ဒီနေရာကနေ သမီးဖေဖေ ရှိတဲ့နေရာကိုသွားနေလိုက် ဟုတ်ပြီလား သွား သွား သွား"
"သမီးက အန်တီသမီးပြောနေတဲ့ lee Nara မဟုတ်ပါဘူး လူမှားနေတာမို့ သွားရှင်းပြပေးလိုက်ပါနော်"
" နင် ဘယ်သူဖြစ်ဖြစ် ငါ စိတ်မဝင်စားဘူး ငါ စိတ်ဝင်စားတာက ငါ့သမီးလေး စိတ်ချမ်းသာဖို့အတွက်ပဲ အဲ့ဒါကြောင့် နင့်ကို စိတ်ကြိုက်×××××××"
***အမျိုးသမီးကြီးဟာ သားသမီးချင်း ကိုယ်ချင်းမစာ မိန်းကလေးငယ်ရဲ့ ဆံပင်တွေကိုစောင့်ဆွဲပြီး သူစိတ်တိုင်းကျ ရိုက်ပုတ်နှိက်ဆက်နေလေပြီ***
"ခဗျားဘာလုပ်နေတာလည်း...... "
"ရှင့်ကိစ္စမဟုတ်တာမို့လို့ ကိုယ်သွားစရာရှိတာကိုသာ သွားစမ်းပါ ဝင်လာမရှုပ်ပါနဲ့"
![](https://img.wattpad.com/cover/327354748-288-k202409.jpg)
YOU ARE READING
Fell In Love (Complete) ✅
Fanfiction"တန်ဖိုးမဖြတ်နိုင်တဲ့ အပင်မျိုးစေ့တွေဟာ တန်ဖိုးထားပြုစုပေးတတ်တဲ့ ဥယျာဉ်မှူးနဲ့တွေ့မှ တင့်တယ်ပြီး လှပတဲ့ ပန်းပင်ဖြစ်လာမှာပါ" Treasure fanfic လေးတစ်ခုအဖြစ် ဖန်တီးမှာပါ My first fiction Fic started on 22.11.2022 End date 20.3.2023