Chapter 4
4 1 0
Zawgyi
အပိုင်း(4)
ဒီဟာက စစ်သည်တော်တွေအတွက် သုခဘုံပဲ။
ဝမ်တိုင် တစ်ယောက် ခရစ်ကို ပြန်ထိန်းချုပ်လိုက်သည်။ လက်ထဲတွင် ဓားကို ကိုင်ကာ ထောင့်ဆုံးမှာရှိတဲ့ အခန်းဆီသို့ တိတ်တိတ်လေး တိုးသွားလေသည်။
နံရံရဲ့တစ်ဖက်တွင် မြေပေါ်လဲကျနေသော အလောင်းနားတွင် ဖုတ်ကောင်က ဝမ်တိုင်ကို ကျောပေးကာ ရပ်နေသည်။
ထိုဖုတ်ကောင်က ဖြည်းဖြည်းလေး လှည့်လာခဲ့လေသည်။ သူ၏ ဖြူဖပ်ဖြူရော် ဖြစ်ကာ အသက်မဲ့နေသော မျက်နှာ ၊ နှင့် လတ်ဆတ်သော သွေးစသွေးန တွေသည် သူ၏ ပါးစပ်တစ်ဝိုက်တွင် ကျန်ရှိနေသေး၏။
ထိုအရာသည် မူလ 'မကောင်းဆိုးဝါးတို့နေထိုင်ရာ' ဂိမ်း၏ အကျော်ကြားဆုံး လှည့်ကြည့်သော ဖုတ်ကောင် ဖြစ်သည်။ သို့သော်လည်း ယခု ဗားရှင်းသည် ထိုအရာနှင့်မတူပေ။ ကွန်ပြူတာထုတ် ဗားရှင်းတွင် မတိုက်ခိုက်ခင်ထိ ထိုဖုတ်ကောင်ကို ကစားသူအား ကြည့်ခွင့်ပေးထား၏။
ထိုမြင်ကွင်းကို မြင်ပြီး ဖက်တီးလေး ဝမ်တိုင် ၏ စိတ်ထဲတွင် ထိုဖုတ်ကောင်မှာ သူ့ရှေ့သို့ အမှန်တကယ် ရပ်နေသလို ခံစားနေရလေသည်။
ဖုတ်ကောင်၏ ကြောက်စရာ မျက်နှာ၊ အမှောင်ထု နဲ့တွဲနေသော အခန်း၊ ထိတ်လန့်စရာ ပတ်ဝန်းကျင် အရာအားလုံးသည် ခြောက်ခြားမှု၏ ဝိသေသတွေ ပိုင်ဆိုင်ထားကာ ကြောက်လန့်စရာ မြင်ကွင်းတစ်ခု၏ သဘာဝကို အပြည့်အဝ ပိုင်ဆိုင်ထားလေသည်။ ထိုမြင်ကွင်းကို ကြည့်ပြီး ဖက်တီးလေး ဝမ်တိုင် မှာ ခုနက သေဆုံးခဲ့တဲ့ မြင်ကွင်းကို ပြန်မြင်လာပေသည်။
ဖက်တီးလေး ၏ ထိတ်လန့်မှုကို အပြစ်မဆိုနိုင်ပေ။ လူအများစုဟာ ထိုအခန်းကြောင့်ပင် 'မကောင်းဆိုးဝါးတို့နေထိုင်ရာ' ဂိမ်း၏ ကြောက်စရာ အခန်း ဟု သတ်မှတ်ကြလေသည်။
ဖန့်ချီကတော့ ထိုအခန်း၏ မြင်ကွင်းကို မရေမတွက်နိုင်အောင် မြင်ဖူးသဖြင့် မမှုတော့ပေ။ သို့သော်လည်း ထိုအခန်းလေးသည် အခုမှ စဆော့သော (newbie) ဝမ်တိုင် အတွက်မူ စိတ်ထဲထိ စွဲနေစေကာ လက်များပင် တုန်ရီနေလေ၏။