Zawgyi
အပိုင်း(5)
ဖန့်ချီက ဝမ်တိုင်၏ သလင်းကျောက်များကို လက်ခံလိုက်သည်နှင့် ကွန်ပြူတာ မျက်နှာပြင်ရှိ သတိပေးစာများ ပျောက်ကွယ် သွားလေသည်။
ဝမ်တိုင် တစ်ယောက် ပျော်ရွင်စွာ ပြန်ဆော့နေချိန် ဆိုင်၏ အပြင်ဘက်တွင် အစိမ်းရောင်ဝတ်ရုံ ဝတ်ထားသော ကြည့်ကောင်းသည့် လူငယ်တစ်ယောက်သည် ဆိုင်းဘုတ်ကို ကြည့်ကာ ဆိုင်ထဲသို့ ဝင်လာခဲ့သည်။
မှန်တံခါးမှတစ်ဆင့် ဆိုင်တွင်းသို့ ဝင်ရောက် လာပြီး ဆိုင်ထဲရှိ လူများကိုတစ်ချက် ကြည့်ကာ မေးလိုက်သည်။
" ဒီဆိုင်ပိုင်ရှင်က ဘယ်သူလဲ?..."
"ဆိုင်ရှင် က ငါပါ... ဘာများကူညီပေးရမလဲ..."
ဖန့်ချီ က ပေါ့ပေါ့ပါးပါးနဲ့ ပြန်ဖြေလိုက်သည်။
"သာမန်လူ?.."
ထိုလူငယ်က အထင်သေးစွာ ကြည့်ကာ အပြင်ကို ညွန်ပြလိုက်ပြီး-
"ဘယ်လိုလူကများ ကိုယ့်ဆိုင်ကို ဒီလို နာမည် ပေးသလဲ လို့..၊ မင်း ဆိုင်က ဘာဆိုင်လဲ?.."
ဖန့်ချီ က ရှင်းမပြဘဲ ဂိမ်းဆော့နေတဲ့ ဝမ်တိုင် ကို ညွန်ပြကာ-
"ကိုယ့်ဘာသာကိုယ် ကြည့်ပါ!..."
ထိုလူငယ်ကလည်း ပြန်မပြောတော့ဘဲ ဝမ်တိုင် အနောက်ကို လျှောက်သွားကာ ကွန်ပြုတာ မျက်နှာပြင်ကို ကြည့်လိုက်သည်။ ကွန်ပြူတာ မျက်နှာပြင်ပေါ်ရှိ မြင်ကွင်းက မယုံနိုင်စရာ လက်တွေ့ဆန်လွန်းလှကာ လူငယ်ကို အလွန် ထိတ်လန့်စေသည်။
သူက မေးလိုက်သည်။
"အဲ့ဒါက ဘာလဲ?...၊ ဒီ ဖက်တီးကောင်က ဘာလုပ်နေတာလဲ "
"သူက အဲ့ဒီမျက်နှာပြင်ပေါ်က လူကို ထိန်းချုပ်နေတာ.."
ဖန့်ချီ ရှင်းပြလိုက်သည်။ သို့သော် လေသံကား အပြောင်းအလဲမရှိ အေးစက်စွာပင် ဖြစ်သည်။
ထို အစိမ်းရောင်ဝတ် လူငယ်က ဖန့်ချီစကားကို လက်မခံပဲ အထွန့်တက်လိုက်သည်။
YOU ARE READING
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Black Tech Internet Cafe System Author(s) - The Leaf That Goes Against Water - 逆水之叶...