Zawgyi
အပိုင်း-(7)
"သခင်လေး စွန်း..၊ အဲ့ဒီ ဂိမ်းက တစ်ကယ်ရော ကောင်းလို့လားဗျာ...၊
ငါတို့ကို အစောကြီး ဘာလို့ နှိုးရတာလဲ...."မြို့တံခါးများက အခုမှ ဖွင့်လှစ်ထားသောကြောင့် လမ်းပေါ်တွင် လူများက သိပ်မရှုပ်သေးချေ။
လူငယ်နှစ်ယောက်... တစ်ယောက်က အနီရောင်ဝတ်ရုံ ဝတ်ထားပြီး နောက်တစ်ယောက်ကမူ အဖြူရောင်ဝတ်ရုံ ဝတ်ထားသည်။ သူတို့က စွန်းချင်းဖန် ရဲ့ ခြေရာကို မှီရန် ကပျာကယာ လိုက်နေသော်လည်း မမှီကြပေ။
"သခင်လေး စွန်း.... ဖြေးဖြေးသွာပါ ၊ ဘာကြောင့် လောနေရတာလဲဗျာ..."
အနီရောင် ဝတ်ရုံဝတ်ဆင်ထားပြီး လက်ထဲတွင် ယပ်တောင်တစ်ခု ကိုင်ထားသော လူငယ်က စွန်းချင်းဖန် နောက်က မြန်မြန်လိုက်ကာ ပြောလိုက်သည်။
" သခင်လေး စွန်း အဲ့တာက ဆိုင်ငယ်လေးတစ်ဆိုင် ပါပဲ..၊ ဘာလို့ မင်းအနေနဲ့ အဲ့ဒီဆိုင်က ဂိမ်းလေးကို အာရုံစိုက်နေရတာလဲ..."
အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်လေးက သူ့လက်ထဲက ယပ်တောင်ကို ဟန်ပါပါ ဝှေ့လိုက်လေသည်။ သူ၏ အမူအရာမှာ ဂုဏ်သရေရှိ မိသားစုမှ ဆင်းသက်လာသော သူတစ်ယောက်လိုပင် ဖြစ်သည်။
သူက ပြောလိုက်သည်။
"မင်းကို ငါ နားမလည်တော့ဘူး...၊
မင်း မနေ့က စားသောက်ပွဲ ကိုလည်း မလာခဲ့ဘူး...""သူပြောတာ မှန်တယ်....၊
မင်း ဘာတွေ ရှုပ်နေတာလဲ သခင်လေး စွန်း...."အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်က ဝင်ပြောလိုက်သည်။
"နောက်ပြီးတော့ ဒီနေ့က ဘာနေ့လဲ သိလား?.."
အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်က ထပ်ပြောလိုက်သည်။
"ဒီနေ့က လင်းယန်အကယ်ဒမီ ကျောင်းတော်ရဲ့ ဝင်ခွင့်စာမေးပွဲက ဒီနေ့နော်...၊ မင်းအကြောင်း ကိုလည်း ငါသိတယ် ညီအကို...၊ ပြီးတော့ လုံလောက်တဲ့ အတွေ့အကြုံ ရှိတဲ့သူဖြစ်လို့ ဒီလိုနေ့ကို ဂရုမစိုက်တာကိုလည်း သိတယ်... ဒါပေမယ့် ငါတို့နှစ်ယောက်ကတော့ မြင့်မားတဲ့အဆင့် ရချင်တယ်လေကွာ၊ စာမေးပွဲကို ဘေးချိတ်ပြီး မင်းနဲ့ ဂိမ်း ဘယ်လိုလို့ ကစားရမှာလဲ..."
YOU ARE READING
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Black Tech Internet Cafe System Author(s) - The Leaf That Goes Against Water - 逆水之叶...