Chapter 19
3 1 0
Zawgyi
အပိုင်း-(19)
ဖန့်ချီ က ထိုဇာတ်ကြောင်းကို ကောင်းကောင်းသိသူ ဖြစ်၍ အရာရာကို တိကျစွာ ထိန်းချုပ်လိုက်သည်။ တစ်စက္ကန့်မျှပင် နှေးကွေးမိလျှင် သူ့တွင် အချက်ပြမီးတောက်ကို လွှတ်ရန် အချိန်ပင် မရနိုင်တော့ပေ....
"ညီအစ်ကို ဝူ.. တစ်ကယ်လို့ အဲ့ဒီနေရာမှာ မင်းသာဆိုရင် အနိုင်ရဖို့ အခွင့်အရေး ဘယ်လောက်လောက် ရှိနိုင်လဲ..."
လျန့်ရှစ် ၏အမူအရာမှာ ကြောက်ရွံ့နေကာ သူက ဆံပင်ကေရွိုင်းထားသည့်လူကို မေးလိုက်သည်။
"အရင်ကဆို ငါ့အတွက် နိုင်ဖို့အခွင့်အရေးက ၇၀ ကနေ ၈၀ ရာခိုင်နှုန်းလောက် ရှိလိမ့်မယ်.. "
ဝူရှန် ၏ မျက်နှာမှာ ပြောနေရင်း မည်းမှောင်သွားကာ -
"အခုကတော့ မဖြစ်နိုင်ဘူး..."
ထိုမွန်းစတားကြီး၏ တိုက်ခိုက်ချက်၊ ခုခံမှု၊ ပြန်ကောင်းသော စွမ်းရည် နှင့် အလျင်နှုန်းသည် ကြောက်စရာဆိုသည်ထက် ကို ပို၍ ပြောလျှင်ပင် မမှားနိုင်ချေ....။
ထိုသို့ ပြီးပြည့်စုံနေသည့် မွန်းစတားကိုကား အနိုင်ရဖို့ မဖြစ်နိုင်ပေ။
ဝူရှန် သည် စစ်သည်တော်အုပ်စု ထဲတွင် စွမ်းရည်များစွာ ရှိပေသည်။ အကယ်၍ သူသာ ထိုအရာကို မတိုက်ခိုက်နိုင် ဟုဆိုလျှင်၊ ဘယ်လိုလူကများ စွမ်းဆောင်နိုင်မည်နည်း...
တိုင်ရန့် သည် ထိုသို့ ကျော်ကြားသော အကြောင်းပြချက် တစ်ခုသာရှိသည်။ ထိုအရာက အလွန် စွမ်းအားကြီးခြင်း ဖြစ်သည်။
အကယ်၍ ထိုအရာကသာ တိုင်ရန့်၏ ပထမမျိုးဆက် (first-generation) စမ်းသပ်မှုသာ ဖြစ်သည်ဆိုသည့် အကြောင်းကို သူတို့သိမည်ဆိုလျှင် သူတို့၏ မျက်နှာတွေ ဘယ်လိုများ ဖြစ်သွားနိုင်မည်နည်း...
ဖန့်ချီက အသက်ပြင်းပြင်းရှူလိုက်ပြီး နောက်ဆုံးတွင် မက်ဂနမ် ခြောက်လုံးပြူး သေနတ်ကို ထုတ်လိုက်သည်။
မက်ဂနမ် ခြောက်လုံးပြူးသေနတ် သည် အလွန်စွမ်းအားကြီးသည်။ လုံခြုံသော အကွာအဝေးကသာ ဆိုလျှင် ရန်သူကို ကောင်းကောင်း ဒဏ်ရာပေးနိုင်ပေသည်။ သို့သော်လည်း သူ့တွင် မည်မျှပင် အတွေ့အကြုံ များနေပါစေ ဖန့်ချီ ကတော့ ဂိမ်းတစ်လျှောက် မက်ဂနမ် ယမ်းကျည်တောင့်များကို စုစုပေါင်း ဒါဇင်ခန့်သာ ရှာနိုင်ခဲ့လေသည်။
You've reached the end of published parts.
⏰ Last updated: Jan 24, 2023 ⏰
Add this story to your Library to get notified about new parts!