Zawgyi
အပိုင်း(12)
သူတို့က နောက်ဆုံးတော့ ဒီဂိမ်း၏ ဆွဲဆောင်မှုကို နားလည်သွားခဲ့သည်။ ပြီးတော့ တကယ့်ဘဝတွင် ဘယ်သူမှ သူတို့အသက်ကို ဂရုမစိုက်ကာ စွန့်စားခြင်းများ လုပ်၍ ပြန်ရှင်လာရန် မမျှော်မှန်းထားကြပေ။ ထို သေရာက ပြန်ရှင်လာသည့် အတွေ့အကြုံက မရိုးရှင်းပေ။
ဒါပေမယ့်... ဒီဂိမ်းက နည်းနည်းပို၍ ခက်ပေသည်။
" သတ်လို့မရတဲ့ မွန်းစတားနဲ့ ငါတို့က ဘယ်လိုလို့ လောင်းရမှာလဲ?..၊ မင်းတို့သုံးယောက် ဒီထက် ပိုကောင်းတာလေး မသိကြဘူးလား?.."
လီရှီက မပျော်မရွင် ပြောလိုက်သည်။
လင်းရှောက်က စိတ်ကြီးဝင်ကာ အချေတလိုင်းဖြင့် ခေါင်းကို အပေါ်မော့လိုက်ကာ-
"ဟမ့်... ဘာလို့ မသတ်နိုင်ရမှာလဲ?...၊ ငါတို့တောင် တော်တော်များများ သတ်ပြီးပြီ!..."
"မင်းတို့တွေ တော်တော်များများ သတ်ပြီးပြီ?.."
လီရှီ က နှာခေါင်းရှုံ့လိုက်သည်။
"ငါတို့ လီမီသားစု ရဲ့ ဓားလက်ချောင်း ပညာရပ်ကို သုံးပြီး သူ့ရဲ့ ရင်ဘတ်ကို ရိုက်ချိုးခဲ့တာပဲ..၊ ဒါတောင် ဒီ မွန်းစတားက မသေဘူး...၊
ပြောစမ်းပါဦး... လင်းရှောက် မင်းက ဘယ်လိုလုပ်လို့ ဒီလိုကောင်တွေ တော်တော်များများကို သတ်နိုင်ရတာလဲ?...""အဲ့ဒီဖုတ်ကောင်တွေကို သတ်တာ လင်းရှောက် တစ်ယောက်ထဲ မဟုတ်ဘူး..."
ရှလော က ပြုံးလိုက်ပြီး-
"ငါလည်း နည်းနည်း သတ်ထားသေးတယ်... ပြီးတော့ ချင်းဖန် ဆိုရင်..."
သူက ဘေးမှာထိုင်နေသည့် ချင်းဖန် ကို ညွန်ပြကာ ဆက်ပြောလိုက်သည်။
"သူက ငါတို့ထက် ဆယ်ဆ ပိုသတ်ခဲ့တယ်..."
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?.."
ဖျင် နှင့် လီရှီ က သူတို့သူငယ်ချင်းများကို မယုံကြည်နိုင်သည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
YOU ARE READING
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Black Tech Internet Cafe System Author(s) - The Leaf That Goes Against Water - 逆水之叶...