Zawgyi
အပိုင်း(11)
သူမသည် လင်းယန်အကယ်ဒမီ ကျောင်း၏ ပါရမီရှင် ကျောင်းသူတစ်ဦး ဖြစ်သည်။ ဘာကြောင့် သူမအနေဖြင့် သေးငယ်သော အရာကို ကြောက်လန့်ရမည်နည်း?...
သို့သော်လည်း သူမ အဆုံးသတ်ပေးခဲ့သော ဖုတ်ကောင်က ရုတ်တရက် မျက်လုံးပြန်ပွင့်လာပြီး သူမ၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်လိုက်သည်။
"အား!..... အဲ့ဒါကြီးက အသက်ပြန်ဝင်လာတာလား?..."
သူမ ထိုသို့ဖြစ်လာမည်ကို မမျှော်လင့်ထားပေ။ သူမအနေဖြင့် ထိုသို့ အသက်ပြန်ဝင်လာမည် ဆိုတာကို မသိခဲ့ပေ။
ရှစီရှင်း ရဲ့ ဇာတ်ကောင် ဟန်ချက်ပျက်သွားကာ မြေပေါ် လဲကျသွားသည်။ သူမလေးသည် ဖုတ်ကောင်ကို ကန်ထုတ်ရန် မျိုးစုံ အားထုတ်သော်လည်း ထိုဖုတ်ကောင်ကား သန်မာလှပေသည်။ သူမအနေဖြင့် ရုန်းကန်နေသော်လည်း သူမကိုယ်သူမ မလွတ်မြောက်နိုင်မှန်း သိလိုက်သည်။ ဒါကြောင့် သူမ ထပ်မံ၍ သေနတ်ဖြင့် ပစ်ခတ်လိုက်သည်။ သို့သော် ထိုအရာက သေမသွားသည့်အပြင် ပိုဒေါသထွက်အောင် ဆွသလိုဖြစ်ကာ ရူးသွပ်သွားပြီး သူမ၏ ခြေကျင်းဝတ်ကို ကိုက်လိုက်သည်။
ဒီတစ်ကြိမ်တွင်တော့ ရှစီရှင်း တုန်လှုပ်သွားလေသည်။
သူမလေးသည် သူရဲဘောကြောင်သူ မဟုတ်သည့်အပြင် သွေးထွက်သံယို တခါမှ မမြင်ဘူးသည့် လူမဟုတ်ပေ။ မရေမတွက်နိုင်တဲ့ စစ်ပွဲများတွင် ရှင်သန်လာသည့် အထူးအေးဂျင့်များပင် သူတို့ရှေ့တွင် ထိုသို့မြင်ကွင်းကို မြင်ပါက တုန်လှုပ်သွားမှာကတော့ သေချာပေသည်။
သူမ ဘာကြောင့် ထိုအရာကို သတ်မရတာလဲ?...
ထိုအရာက အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။ သူမအနေဖြင့် ဘယ်လောက်ပင် စွမ်းအားပြည့်ကာ သန်မာပါစေ သူမ မကြည့်နိုင်ပေ...
"ဒီ မွန်းစတား ငါ့ကို စားတော့မှာကို ဘာမှ လုပ်လို့မရဘူးလား?.."
သူမဟာ အံကြိတ်လိုက်ပြီး ကယ်ရာမဲ့တဲ့ သူမအခြေအနေကို စိတ်ပျက်သလို ခံစားနေရသည်။ သူမအနေဖြင့် တစ်ကယ် သေရတော့မည်ဟုပင် ထင်နေရသည်။
သူမကိုယ်သူမ လက်လျှော့လိုက်လေသည်။
YOU ARE READING
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Black Tech Internet Cafe System Author(s) - The Leaf That Goes Against Water - 逆水之叶...