Zawgyi
အပိုင်း(6)
"ဘာလဲဟ?..."
စွန်းချင်းဖန် အလွန် အံ့သြသွားလေသည်။
'အစ်ကိုကြီးရယ်... ကျွန်တော် အခုမှ သေချာကစားမလို့ အာရုံတွေစိုက်ပြီးတော့ ခေါင်းထဲအပြည့် အစီအစဉ် အကြီးကြီးတွေ ချနေတုန်း ရှိသေးတယ်..၊
ခင်ဗျားက အချိန်ပြည့်သွားပြီ ဆိုတော့..၊
သောက်ပဲ.... ဟေ့လူ.... ကြယ်စင်တို့၊ မြတ်နိုး တို့တောင် ဒီလောက် အချိန်ပြည့်တာ မမြန်ဘူး ဗျ..´'ငါ ဘယ်လောက်ကြာကြာ ကစားရသေးလို့လဲ?...၊ ငါ့စိတ်ထဲမှာတော့ အခုမှ စ,ကစားတာလို့ ခံစားရသေးတယ်လေ...´
"ဆိုင်ရှင်.... ဒီမှာ အချိန်ပြည့်သွားပြီ..."
"ဆိုင်ရဲ့ အချက်အလက်တွေကို ကျောက်သင်ပုန်းပေါ် ရေးထားတယ်လေ၊ တစ်နေ့ကို လူတစ်ယောက်အတွက် အချိန် ခြောက်နာရီ ပဲ ကစားနိုင်တယ်.."
"ခြောက်နာရီ!... "
အမောင်စွန်း ခမျာ ဘယ်ညာကို ကြည့်ကာ ပြောလိုက်သည်။
"ခြောက်နာရီတောင် ရှိသွားပြီလား...၊ ငါ တစ်ချို့မွန်းစတားတွေ သတ်တောင် မသတ်ရသေးဘူးလေ..."
သူသည် ဖုတ်ကောင်များနဲ့ ဖုတ်ကောင်ခွေး များကို တိုက်ခိုက်ရန် အချိန်များစွာ တိုက်ခိုက်ခဲ့ပြီး သူတို့ကို မထိချင်ခဲ့ပေ။ ဒါကြောင့် တိုးတက်မှုများ မရှိဘဲ အချိန်က ခဏလေး ကုန်ဆုံးသွားခဲ့ရခြင်းဖြစ်သည်။
"မဟုတ်ဘူး......"
စွန်းချင်းဖန် က ရုတ်တရက် ကြေကွဲစွာ အော်ဟစ်လိုက်သည်။
"ဒါက ဘယ်လိုစည်းမျဉ်းကြီး လဲကွာ...၊
ငါ့မှာ ငွေရှိပါတယ်၊ ဘာကြောင့် မကစား ရတော့တာလဲ?..""စည်းမျဉ်း က စည်းမျဉ်း ဘဲ.. "
"....."
'ဒါက စီးပွားရေး ကို ဘယ်လိုလုပ်တဲ့ ဆိုင်ရှင်မျိုးလဲ?..
'ဘယ်လိုဆိုင်ရှင် မဆို ငွေလာပေးတဲ့ ဧည့်သည်(ဖောက်သည်) ကို မောင်းထုတ်တာ မကြုံဖူးပါဘူး?....´
YOU ARE READING
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Black Tech Internet Cafe System Author(s) - The Leaf That Goes Against Water - 逆水之叶...