Zawgyi
အပိုင်း-(16)
မုတ်ဆိတ်မွေးနဲ့ လူကြီးက ဝူရှန်၏ ပုခုံးကိုပုတ်ကာ တိုးတိုးတိတ်တိတ်လေး ပြောလိုက်သည်။
"လာပါ... အရင်ဆုံး ဆိုင်ထဲ သွားရအောင် ၊
ညီနောင် လျန့်ကို အနေခက်အောင် မလုပ်စမ်းပါနဲ့..."သူ၏ ညီအစ်ကိုများကြောင့် ဝူရှန်က သူ၏ ဒေါသများကို လျှော့ချလိုက်သည်။
"တစ်ကယ်လို့ ဒီဆိုင်ကသာ ဖောက်သည်တွေကို လိမ်စားနေတဲ့ဆိုင် ဆိုရင်...၊ ငါ့ကို အပြစ်မတင်ကြနဲ့..."
"အဲ့ဒီလိုသာဆိုရင်... ငါတို့ မရေမတွက်နိုင်အောင် ပြောခဲ့သလိုပဲ... ၊ ဒီဆိုင်ကို တစစီ ရိုက်ခွဲပစ်လိုက်..."
လျန့်ရှစ် က အံ့သြတုန်လှုပ်ခြင်းမရှိဘဲ သူ့လက်များကို ဝှေ့ရမ်းကာ ဝူရှန့်ကို ဆွဲခေါ်ကာ-
"အရင်ဆုံးတော့ အထဲဝင်ပြီး ကစားရအောင်..."
"ရှင်... ဒီနေ့ ဆိုင်ဖွင့်တာ တစ်ကယ်နောက်ကျ တာပဲ..."
ရှစီရှင်း က အနည်းငယ် မပျော်မရွင်ဖြစ်ကာ ပြောသည်။ သို့သော်လည်း ဖန့်ချီ ကတော့ စိတ်မဝင်စားဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"ငါမနေ့က အလွန်ပန်းသွားလို့ပါ..."
"ဒီဆိုင်က ဘာတွေများကောင်းတာ ရှိလို့လဲ?..၊
ငါတို့ အပြင်မှာ နာရီဝက်တောင် စောင့်လိုက်ရတယ်!..."ရှစီရှင်း နှင့် အတူလာသည့် အစိမ်းရောင်ဝတ်စုံဝတ် ကောင်မလေးက မကျေနပ်ဟန်ဖြင့် ပြောသည်။
ထိုအချိန်တွင် ရှစီရှင်းနှင့် လျန့်ရှစ် က ဆိုင်အတွင်းကို တောက်ပသော မျက်လုံးကြီးများဖြင့် ကြည့်နေကြသည်။
မူလက သူတို့က လူတိုင်းဆော့ကစားရန် ကွန်ပြူတာ မလောက်ငှမှာကို စိုးရိမ်နေကြသော်လည်း ယခုတော့ ဆိုင်အတွင်းတွင် ကွန်ပြူတာ ၁၁ လုံးကို အစီအစဉ်တကျ နေရာချထားသည်ကို မြင်လိုက်ကြသည်။
"အဲ့ဒါတွေက အများကြီးပဲ..."
ရှစီရှင်း တစ်ယောက် အံ့သြစွာဖြင့် ရေရွတ်မိလိုက်သည်။
YOU ARE READING
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Black Tech Internet Cafe System Author(s) - The Leaf That Goes Against Water - 逆水之叶...