Zawgyi
အပိုင်း-(8)
"ဒီ မွန်းစတား တွေက ဘာတွေလဲ...၊ သူတို့က တအား သန်မာလွန်းတယ်၊ ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ ကြံစည်မှုကြီး တစ်ခုခုတော့ ရှိရမယ်...."
နှစ်ယောက်သား သူတို့ရှေ့က ခုံကို အလွန်စိတ်ဝင်စားစွာ စူးစမ်းနေမိသည်။
'မကောင်းဆိုးဝါးတို့နေထိုင်ရာ ´ နောက်ကွယ်က ဇာတ်ကြောင်းကို ဖော်ထုတ်နိုင်ရန် စွန့်စားမှုတွေကို ဆက်လုပ်ရန် လိုချင်နေကြသည်။
ကံမကောင်းစွာပင် သူတို့က သေနတ်က ဘယ်လိုသုံးရမှန်းကိုပင် မသိကြပေ။ ထို့ကြောင့် ဖုတ်ကောင်ခွေးများနဲ့ တွေ့တဲ့အခါ ပြန်လည်တိုက်ခိုက် ခံရလေသည်။ ဖုတ်ကောင်ခွေး များနဲ့ တိုက်ခိုက်ရာမှာ သူတို့လက်တွေက ထိုအရာများကို တစ်ချက်တောင် မထိဘဲ တိုက်ခိုက်ခံရသည်။ အကယ်၍ တစ်ကောင် ၊ နှစ်ကောင် လောက်ကို သတ်နိုင်လျှင်ပင် ကံအလွန်ကောင်း၍ ဖြစ်ပေလိမ့်မည်။
ထို့အပြင် ထိုအကောင်များနဲ့ တွေ့ချိန်မှာတော့ သူတို့သတိမပြုမိတဲ့ အမှားတွေကို လုပ်နေမိသည်။သူတို့သည် အချိန် နှစ်နာရီ ကြာအောင် ဖုတ်ကောင်ခွေး များနဲ့ တိုက်ခိုက်ရသည်။
သူတို့က စွန်းချင်းဖန် ကို ကြည့်လိုက်တော့ သူ့ရဲ့ဇာတ်ကောင်က သိပ်အခက်အခဲမရှိဘဲ သူ၏ရန်သူများကို လက်ထဲတွင် သေနတ်ကို အသုံးပြုကာ ပစ်ခတ်သတ်နေသည်ကို မြင်လိုက်ရသည်။
သူတို့က အံ့အားသင့်စွာ ပြောသည်။
"ချင်းဖန်... မင်း လက်နက်ကို ဘယ်နေရာက ရတာလဲ..."
လင်းရှောက် တို့၏ မျက်လုံးများကတော့ စွန်းချင်းဖန် ၏ ကွန်ပြူတာ မျက်နှာပြင်ကို ငေးကြည့်မိနေသည်။
"ဒီ သောက်... ဖုတ်ကောင်ခွေး တွေက မင်းရဲ့ ဇာတ်ကောင် နားတောင် မလာနိုင်ဘူး၊ ဒါကြီးက သောက်ရမ်းမိုက်လွန်းတယ် သားကြီး..."
"အဲ့ဒါက ကျင့်ကြံသူ ပြုလုပ်ထားတဲ့ ဝိဥာဉ်ပစ္စည်း မလား...၊
ချင်းဖန်... ငါတို့ရော မရနိုင်ဘူးလား..."
YOU ARE READING
Actionမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book I >> Ch 1 to 200 Eng Name - Black Tech Internet Cafe System Author(s) - The Leaf That Goes Against Water - 逆水之叶...