Chapter 17
5 1 0
Zawgyi
အပိုင်း- (17)
"ဆိုင်ရှင်! ..."
ဖန့်ချီ စိတ်ရှုပ်သွားသည်။
'ငါ့ဆိုင်မှာ တာဝန်ခံ တစ်ယောက်လောက် ငှားထားသင့်သလား?...၊ ငါအခုမှ ထိုင်ရုံလေး ရှိသေးတယ် ငါ့ကို ထပ်ခေါ်ပြန်ပြီလား!...´
လူတိုင်း၏ စိတ်ဝင်တစား ငေးကြည့်နေသော အကြည့်များအရှေ့တွင် ဂိမ်းကို ဘယ်လိုဘယ်ပုံ ကစားရမည်ဆိုတာကို ဖန့်ချီက သင်ပေးခဲ့သည်။
"အစစ်အမှန်လို ပုံရိပ်ယောင် ပစ္စည်းကို ကျွန်တော်သုံးပြီးတော့ အတွေ့အကြုံကို ကိုယ်တိုင်ခံစားလို့ ရတယ်ပေါ့?...."
"ဆိုင်ရှင် ပြောခဲ့တဲ့ အကြောင်းအရာတွေထဲက တစ်ခုက ဓာတုဇီဝ ကပ်ဘေးကြောင့် ဖုတ်ကောင်တွေ ဖြစ်လာတယ်ပေါ့?...၊ စွန်းချင်းဖန် တို့အုပ်စု ပြောတာက ဒီနေရာဆိုတာတော့ ငါ့အနေနဲ့ အသေအချာပဲ..."
"ဒါက စွရမ်းမိုက်တာပဲ..၊ ငါအခုတောင် စတင်ကစားချင်လာပြီ!..."
" ဒီဂိမ်းက အရမ်းလန်းတယ် ပြီးတော့ စိတ်လှုပ်ရှားစရာပဲ.."
သို့သော်လည်း ဂိမ်းကို စူးစမ်းပြီး ကစားချင်သူမှာ လူတိုင်းမဟုတ်ပေ။ သူတို့နဲ့ အတူပါလာသော ကောင်မလေး ၂ယောက်သည် သတ္တိကောင်းကောင်း မရှိကြပေ။
"အဲ့ဒီဂိမ်းက မွန်းစတားကြီးတွေက ကြည့်ရတာ တစ်ကယ် ကြောက်စရာကောင်းတာပဲ..၊ သူတို့ကို မသတ်နိုင်လောက်ဘူး ၊ ဒါ့ကြောင့် ငါတို့ စောင့်ကြည့်ဦးမယ်..."
ဝမ်တိုင် က ဒီနေ့တော့ အစောကြီး ရောက်လာခဲ့သည်။ သူက ဖန့်ချီဆီက သင်ယူထားသော နည်းဖြင့် စမ်းသပ်ချင်နေပေသည်။ ထို့ကြောင့် သင်တန်းပြီးကတည်းက ဒီနေရာကို အမြန်ပြေးလာခဲ့သည်။
တစ်ခဏအကြာတွင် စွန်းချင်းဖန်၊ လင်းရှောက် နှင့် ရှလော တို့လည်း ရောက်လာခဲ့သည်။
သူတို့ ဆိုင်ထဲဝင်လာသည့်အခါ သူတို့သည် အင်တာနက်ကဖေးဆိုင် ထဲတွင် ကွန်ပြူတာ အပိုများကိုပင် တွေ့လိုက်ရသည်။ ပြဿနာက စက်များတွင် လူပြည့်နေသည့်အပြင် ကောင်လေးတွေ အဖွဲ့နောက်တွင် ကောင်မလေးနှစ်ယောက်ပင် ရပ်နေခဲ့သည်။